ညအချိန်မတော် ဝင်လာသောဖုန်းနံပါတ်စိမ်း

4.8K 799 286
                                    

သွေးရောင်လွှမ်းခဲ့တဲ့မျက်ဝန်းတွေ အေးစက်စက်ပြိုလဲနေခဲ့တာ အမှောင်ထုထဲကသားကောင်တွေပဲမြင်ရော့မည်။ မတရားခြင်းရဲ့ပုံရိပ်စတွေများပြားလွန်းနေတာက ဒဏ်ခတ်ခံရသည်ဆိုရမယ်ဆို အဲ့ဒဏ်ကိုငါသေလောက်အောင်မုန်းတယ်။

Once upon a Time's Jeon

အိမ်၏တစ်ထောင့်တစ်နေရာ။ မျက်ဝန်းအနီရင့်ရောင်ဟာသွေးရောင်လွှမ်းနေသည်။ ပဲ့နေသောဦးခေါင်းခွံတစ်ဖက်ကိုလက်ထဲဆုပ်ကိုင်ထားသောအခါ လှုပ်စိစိအနီရောင်ချွဲပျစ်ပျစ်အရည်တွေ တစ်စက်စက်စီးကျနေသည်။

တစ်ချို့သောမှောင်မိုက်ခြင်း၏ပြယုဒ်တစ်ခု ခြောက်ကပ်စွာဆိုသည်။ အမှောင်ထုထဲရယ်သံအက်ကွဲကွဲကြီးကဟိန်းစွာပျံ့နှံ့လာသည်။ နှစ်ခြိုက်စွာအိပ်ပျော်နေသော ကုတင်ထက်မှကောင်ငယ်လေးနံဘေးဆီကပ်လာရော အရိပ်မည်းတစ်ခုရောက်သွားစဥ်...

"မ..ကြို..ဆို..ဘူး ထွက်..သွား"

"ဟင်"

ချွေးစတွေသီးကာနိုးထလာသည့် ညနက်နေပြီဖြစ်သောအချိန်နာရီ။ ပတ်ဝန်းကျင်ညတစ်ခုလုံးမှောင်မိုက်နေသလို ဖွင့်ထားသောပြတင်းတံခါးပေါက်မှ လရိပ်ဖြူဖြူဖြာကျနေသည်။ တလွင့်လွင့်ပျံဝံ့နေသောလိုက်ကာပါးအဖြူစ အခန်းထဲ၌တမျောမျောလွင့်နေသည်။ အိပ်ရာနံဘေးမှနံရံကပ်နာရီတစ်ချက်ချက်ရွေ့လျားနေရင်း အသံထင်းထင်းကြီးပေါ်နေ၏။

"ကျစ်"

နားနားကပ်ပြောသောစကားသံအက်ကွဲကွဲ။ တစ်လုံးချင်းစီပီပီသသကြားလိုက်ရသည်က အိပ်မက်လား လက်တွေ့လား ထယ်ယောင်းမသဲကွဲသည်။ နားနားကပ်ရင်းပြောသောစကားလား ဒါမှမဟုတ် အိပ်မက်တစ်ခုပဲလား ကိုယ်တိုင်တောင်သေချာမသိတော့။ ဒါပေမဲ့အဲ့အသံကြီးကခြောက်ကပ်ကပ်ကြီး။

"ငါအိပ်ရာပြောင်းမိလို့ အိပ်မက်ဆိုးတွေမက်တာထင်တယ်"

မျက်မှောင်ကြုံ့ရင်းထထိုင်လိုက်တော့ မြင်ရသည့်အခန်းတစ်ခုလုံးပကတိငြိမ်သက်လျက်။ စောင်ခြုံထားသောခြေထောက်နှစ်ဖက်လျှောဆင်းကာချရင်း တစ်ခဏတွေဝေမိပြန်သည်။ မဟုတ်ဘူး ဒါအိပ်မက်ပဲဖြစ်မှာပါ။

Once upon a time's Jeon 𐤀 [Completed]Where stories live. Discover now