ပျော်ရွှင်ခဲ့ရာအချိန်တွေကုန်ဆုံးခဲ့ရင် ထိတ်လန့်စရာကောင်းတဲ့ဖြစ်ရပ်တွေက အစားထိုးဝင်ရောက်လာစမြဲလား။ တော်ပါတော့ကွာ။ မင်းရဲ့ခြောက်ကပ်ကပ်ရယ်သံကြီးက ငါ့ကိုတအားစိတ်ပင်ပန်းလာစေနေပြီ။
Once upon a time's Jeon
"မနက်ဖြန်ကျ ဟိုကောင်တွေနဲ့တွေ့ရင် ပြရမယ် ဟဲဟဲ"
ဖုန်းလေးတစ်လုံးလက်ထဲကိုင်ပြီး ခြံထဲဆင်းလာသောထယ်ယောင်းတစ်ယောက် သီချင်းလေးတစ်ချွန်ချွန်ဖြင့် အပေါ်ကုတ်ခပ်ပါးပါးဝတ်ထားသည်။ သီတင်းတစ်ပတ်ကျော်ခဲ့ပြီးပြီ။ အခုချိန်မှာ ထယ်ယောင်းလည်းစိတ်ငြိမ်သွားပြီမို့ မေမေတို့အခန်းနားမှာမအိပ်ပဲ အပေါ်ထပ်ကိုသာ သူပြန်လာခဲ့တော့တာ။ တစ်ရက်ရှိပြီလေ ဘာမှထူးထူးခြားခြားမကြုံတာကြောင့် ထယ်ယောင်းအိမ်အသစ်ကြောင့် ကယောင်ခြောက်ခြားဖြစ်တာ သေချာသွားခဲ့ပါသည်။ ဒီနေ့ညကတော့ ဒုတိယမြောက်ညပေါ့။
"ဝိုး အမြင့်ကြီးပဲ"
ဒီအိမ်ကြီးကိုရောက်ပြီးတည်းကနေ ခြံထဲကိုနှံ့အောင်တခါမှလိုက်မကြည့်ဖူးသေး။ ခြံအကျယ်ကြီးထဲက သစ်ပင်ကြီးတွေအများကြီးရှိတဲ့နေရာဆီရောက်ဖို့အတွက် ဖွင့်ရဦးမည့်ခြံတံခါးသေးသေးက သံချေးကိုက်နေတာကြောင့် ဖွင့်တဲ့အချိန်တိုင်းဂျစ်ဂျလစ်အသံတွေနဲ့။ ဘောင်းဘီပွပွကြီးဝတ်ပြီး ဖုန်းလေးတစ်လုံးနဲ့ အပင်ကြီးတွေကြားထဲ အိပဲ့အိပဲ့လမ်းလျှောက်လာခဲ့သည်။
"အေးလိုက်တာ အပင်ကြီးတွေက ဒီလောက်ကြီးမှတော့ မအေးပဲဘယ်နေပါ့မလဲ နေတောင်မမြင်ရဘူး ဟူး"
မျက်စိရှေ့က တစ်ပွေ့စာပင်စည်ကြီးကိုတိုင်းပြီး မော့ကြည့်တော့မီတာသုံးဆယ်မကတဲ့အမြင့်ကြီးက မိုးတောင်ထိလုနေမယ်။ ဟိုးကောင်းကင်ပြာကိုတောင်ရေးတေးတေးသာမြင်ရတဲ့အထိ ချမ်းစိမ့်စိမ့်မြူခိုးငွေ့တွေကအုပ်ဆိုင်းထားသည်။
ထယ်ယောင်း ဒီခြံကြီးထဲကိုလိုက်ကြည့်ချင်နေသည်မှာကြာပြီဖြစ်လည်း ဒီနေ့မှပဲရောက်တော့တယ်။ ဖေဖေတို့ပြောစကားအရ ရေကူးကန်ဟောင်းကြီးလည်းရှိတယ်တဲ့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ကျောင်းလည်းပိတ်တော့ ကြည့်ဖြစ်အောင်ကြည့်မယ် လို့ဆုံးဖြတ်ထားတာကြောင့်ပဲ မဖြစ်မနေကိုစုံအောင် သူနေရာအနှံ့လိုက်ကြည့်မည်။
VOCÊ ESTÁ LENDO
Once upon a time's Jeon 𐤀 [Completed]
FanficUnicode & Zawgyi ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ JeonJungKook & KimTaeHyung ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ This story Including violence sce...