သူ့နာမည် ဂျွန်ဂျောင်ကု

3.3K 547 48
                                    

မင်းကိုပြခဲ့တဲ့မြင်ကွင်းတွေက အထီးကျန်မှုနဲ့ညဉ်းဆဲမှု‌များရဲ့ အစတစ်ခုသက်သက်သာရှိခဲ့တယ်။ ယုတ္တိမရှိဘူးလို့ ထင်ရနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ငါပြောပြရင် မင်းယုံကြည်နိုင်မှာမို့လို့လား။

Once upon a time's Jeon

"မင်းထွက်လာခဲ့ပါလား"

မျက်ရည်တွေဖြင့် အသံတွေဟာတုန်ရီစွာ နှုတ်ဖျားမှထွက်လာခဲ့မိသည်။ ထယ်ယောင်းမြင်နေခဲ့ရတဲ့မြင်ကွင်းထဲက ပုံရိပ်လေးက နာကျင်စရာအတ္တတွေအပြည့်နဲ့။ ထိုဝိဉာဉ်ငယ်ဟာ ပြုံးနေခဲ့လား ငိုနေခဲ့လား သူသေချာမသိခဲ့ပါ။ ဒါပေမဲ့ တစက်စက်ကျနေတဲ့သွေးတွေနဲ့ ပိတ်ကား‌ပေါ်ကလက်ဝါးရာလေးကတော့ ထယ်ယောင်းအတွက် တကယ့်ကိုနာကျင်မှုငရဲကိုခံစားရစေခဲ့ပါရဲ့။

"မင်းထွက်လာခဲ့ပါလား ဂျွန်"

သူ့နာမည်ကိုခေါ်လိုက်မိ၍လား။ မော့လာသောမျက်နှာ၏ တဖြည်းဖြည်းပုံရိပ်ဟာ ထယ်ယောင်းအတွက်ကြက်သီးတဖြန်းဖြန်းထစေဖို့လုံလောက်နေခဲ့ပါတယ်။ အံ့ဩနေခဲ့သောမျက်လုံးတွေက အဓိပ္ပါယ်ဆောင်နေခဲ့ရင်း နှဖူး၌ပေါက်ပြဲနေခဲ့သောဒဏ်ရာဟာ ရုပ်ပျက်ဆင်းပျက်ရိုက်ခံခဲ့ရပုံကို ‌ပြသနေခဲ့တာမို့ စီးကျနေသောသွေးစရဲရဲတွေဟာ မျက်လုံးတစ်ဖက်လုံးနီရဲအောင်အရောင်ဆိုးလျက် ပါးပြင်တွေအထိပါနယ်ချဲ့နေကြသေး၏။

တည်ခဲ့ပေမဲ့ ပြုံးယောင်သန်းနေခဲ့ခြင်းရဲ့နှုတ်ခမ်းပါးမှာ တစ်ချိန်တည်းပဲ ထိုတစ္ဆေတစ်ကောင်၏မျက်ဝန်းမှာ မျက်ရည်တွေနှင့်။ လဲကျ‌နေခဲ့သော ရက်စက်လွန်းတဲ့ဘဝတိုက်ပွဲမှာ မင်းရှုံးခဲ့တာပဲ ဂျွန်။

မျက်အိမ်အတွင်းမှမျက်ရည်ဥ‌လေးများ တစ်လုံးချင်းစီ ပါးပြင်သို့အစီအရီခုန်ပေါက်ဆင်းနေကြတုန်းပဲ ဂျွန်။ မင်းပြသတဲ့နာကျင်မှုကြောင့် ငါ့တစ်ကိုယ်လုံးလှုပ်ရှားဖို့နေနေသာသာ တုန်ရီနေခဲ့တာမြင်ရဲ့လား။ ငါလေ မင်းကိုကြောက်လွန်းလို့ ထွက်ပြေးလိုက်ချင်ပါလည်း ငါကြုံနေရတဲ့ မင်းဝိဉာဉ်ဟာ သနားစရာသိပ်ကောင်းလွန်းနေခဲ့တာကို ဘယ်လိုလုပ်ရမလဲ ကောင်လေးရာ။

Once upon a time's Jeon 𐤀 [Completed]Donde viven las historias. Descúbrelo ahora