Hello ♡
Once upon a time's Jeon အမည်ရသည့် Horror Fictionလေးတစ်ပုဒ်အဆုံးသတ်ခဲ့ရပြီပေါ့။ ဘယ်လိုလေးနေကြလဲ။ ဖတ်ခဲ့ကြတာအဆင်ပြေရဲ့လား။
ပထမဦးစွာ ဒီနေ့အချိန်ထိဖတ်ပေးခဲ့ကြသော စာဖတ်သူများအားလုံး ၊ Vote, Feedback Reading Listပေါင်းစုံတွေနှင့် အားပေးခဲ့ကြသည့်ကလေးတွေအားလည်း ခရာအထူးပင်ကျေးဇူးတင်ပါတယ်။
ဒီဇာတ်လမ်းလေးက ကိုယ့်ဘဝရဲ့ပထမဆုံးသရဲဇာတ်လမ်းလေးဖြစ်သလို နောက်ထပ်သော ပညာပေးဇာတ်လမ်းလေးတစ်ပုဒ်လည်းဖြစ်ခဲ့ရပါတယ်။
ဇာတ်လမ်းလေးကို စစချင်းမှာတော့ သာမန်သရဲဇာတ်လမ်းလေးအဖြစ်လောက်ပဲတွေးခဲ့ပေမဲ့ နောက်ပိုင်းရောက်လာတိုင်း အတွေလေးတွေပိုများလာခဲ့တယ်။ စာဖတ်တယ်ဆိုတာ စိတ်ပျော်စေဖို့ဆိုတာလက်ခံသလိုပါ အသိပညာလေးများလည်း ရစေချင်မိတယ်။ ဒါကြောင့်မို့ plotလေးချိုးခဲ့ရတယ်။ ဖန်တီးဖြစ်ခဲ့တဲ့ရည်ရွယ်ချက်မှာ လောကကြီးရဲ့မတရားမှုတွေ ၊ လောကဓမ္မတာတွေအကြောင်း ရေးပြချင်ခဲ့မိတယ်။ အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။
လောကကြီးမှာ ငွေဆိုတဲ့အာဏာ ၊ အထက်လူကြီးဆိုတဲ့ အင်အားကြီးအာဏာ ၊ အချစ်ဆိုတဲ့အတ္တတွေ ၊ ထိန်းချုပ်ထားခြင်းခံရတဲ့လူသားတွေအကြောင်းကို ပြသချင်ခဲ့မိတယ်။ အတ္တတွေ ၊ အငြိုးတွေနဲ့ ဒီလောကရဲ့မတရားမှုတွေနဲ့ပြည့်နေတဲ့ပထဲမှာ တရားမျှတမှုဆိုတာသိပ်ကိုရှားလွန်းတယ် လို့မြင်အောင်ပြချင်ခဲ့တာပါ။
မီးများမီးနိုင် ၊ ရေများရေနိုင်နေတဲ့လောက ၊ ငွေဆိုတာ ဒုတိယဘုရားသခင်ဖြစ်ရင်း အာဏာဆိုသည်မှာလည်း ၎င်းနည်းတူထပ်တူညီကြတယ်။
ဂျွန်ဘာလို့ဒီထဲမှာ မတရားခံစားခဲ့ရလဲသိကြမလား? ကောင်လေးဟာ တရားမျှတလွန်းလို့ပါပဲ။ ဒါဟာဖြူစင်လွန်းတဲ့လူတွေဟာ မကောင်းတဲ့ အင်အားကြီးလူတွေရဲ့အရုပ်ဖြစ်သွားတတ်တဲ့ပုံကို ဖော်ပြထားခဲ့တာပါ။
ငွေရဲ့အင်အားဟာဘယ်လောက်ကြောက်ဖို့ကောင်းသလဲ။ မတရားစွာသေဆုံးခဲ့ရတဲ့အမှုတစ်ခုတောင် ငွေပုံအောပေးရင် လက်စဖျောက်နိုင်ပါတယ်။ ဒါတွေကို ဂျွန့်ရဲ့အမှုမှာသိနေလျက် တိတ်ဆိတ်နေပေးခဲ့တဲ့လူတွေက သရုပ်ဖော်ပြသွားခဲ့ပါတယ်။
![](https://img.wattpad.com/cover/284674904-288-k251061.jpg)
ESTÁS LEYENDO
Once upon a time's Jeon 𐤀 [Completed]
FanficUnicode & Zawgyi ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ JeonJungKook & KimTaeHyung ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ This story Including violence sce...