ကြောက်မက်ဖွယ်အရိပ်မည်းရဲ့စတင်သံ

4K 604 149
                                    

တန်ဖိုးမညီတဲ့အရာကိုကြေးနည်းနည်းနဲ့ယူထားရရင် ပေးဖို့ကျန်ရှိတဲ့အလျောက် မူတည်စွာ လိပ်ပြာရဲ့ခြောက်လှန့်ခြင်းခံစားရမယ်။ အကယ်၍ ပေးဆပ်ရမဲ့တန်ဖိုးများရင်တော့ သေကြေပျက်ဆီးရလိမ့်မယ်။

ဟက် ထိုစကားကိုမှားယွင်းကြောင်းသက်သေပြခဲ့တဲ့ခင်ဗျားကြောင့် ငါ့ဘဝတစ်ခုလုံး အားလုံးပျက်ဆီးခဲ့ရတယ်။

Once upon a Time's Jeon

"မိန်းမရေ ကိုယ်အပြင်ခဏသွားလိုက်ဦးမယ်"

"အစောကြီးရှိသေးတယ် ကိုရယ်"

"အလုပ်ကိစ္စပေါ်လာလို့ အခွံတွေဆိပ်ကမ်းကဝင်လာပြီပြောတယ်"

မနက်ငါးနာရီခန့်သာရှိသေးသောအချိန်ဟာ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်နေတုန်းရှိသည်။ အိပ်ပျော်နေသောဒီအချိန် ရုတ်တရက်ဝင်လာတဲ့အလုပ်ကိစ္စအရေးကြီးဖုန်းကြောင့် မစ္စတာကင်မ်တစ်ယောက် အလုပ်သွားမှဖြစ်မည်။ အိပ်ပျော်နေသောဇနီးသည်ကိုနှိုးကာ အလုပ်သွားဖို့ပြင်ခိုင်းရတော့သည်။ အရာအားလုံးအေးအတူ ပူအမျှတွဲလက်မဖြုတ်သောသူမဟာ မစ္စတာကင်မ်အတွက်အကောင်းဆုံးအဖော်မွန်ပင်။

"ကိုယ်ညကျစောစောပြန်လာခဲ့မယ် မွ ချစ်တယ်"

"ကားကိုဂရုစိုက်မောင်းနော် ကို"

"အေးပါကွာ"

အပေါ်ထပ်ကုတ်ဝတ်ကာ ကားစက်နှိုးရင်း မစ္စတာကင်မ်အလုပ်သို့ထွက်သွားချေပြီ။ အိမ်တံခါးပေါက်ဝထိလိုက်ပို့သောမစ္စကင်မ်တစ်ယောက်တော့ ပြန်မအိပ်တော့ပဲချက်ပြုတ်ဖို့ထလာခဲ့ပါ၏။

အနည်းငယ်အေးစိမ့်နေသောမနက်ခင်း၏ပတ်ဝန်းကျင်။ ထယ်ယောင်းညနက်မှအိပ်ခဲ့ပေမဲ့ ဒီမနက်အစောကြီးနိုးလာခဲ့သည်။ အိပ်ရာပေါ်ကဆင်းကာ ကုတင်ဘေးပြတင်းပေါက်ကိုဖွင့်တော့ စိမ့်ခနဲလေထုဟာ ညအိပ်ဝတ်စုံပါးလေးကိုလျှပ်ခနဲဖြတ်ပြေးသွား၏။ အချိန်သည်အခုမှမနက်ခြောက်နာရီထိုးလုလု။

"ဟူး အေးလိုက်တာ မြူတွေကျနေတာပဲ"

ဆောင်းဦးရာသီအစဖြစ်လို့လား။ ထယ်ယောင်းအိပ်ခန်းက အိမ်ကြီးရဲ့အပေါ်ထပ်ဖြစ်တာမို့ အထက်စီးမှမြင်နေရသည့်ခြံကျယ်ကြီးရဲ့အဝင်တံခါးပေါက်မြူခင်းတွေဖုံးနေသည်။ အဝေးမှာရှိသည့်အုတ်တံတိုင်းမြင့်ကြီးနှင့်ခြံတံခါးကြီးကို မမြင်ရအောင်ကိုမြူခိုးတွေကဖုံးအုပ်ထားသည်။ နီဆွေးဆွေးနှုတ်ခမ်းလေးတစ်စုံ အာငွေ့အေးလေးတွေယှက်ဖြာကုန်သလို တုန်တက်သွားသည့်တစ်ခဏ လက်လေးနှစ်ဖက်ယှက်ထားသည့်ခန္ဓာကိုယ်လေး တစ်ချက်ချက်တုန်တက်သွား၏။

Once upon a time's Jeon 𐤀 [Completed]Tempat cerita menjadi hidup. Temukan sekarang