"မင်းကဘာဖြစ်ချင်တာလဲ"
ညဦး၏မှိန်ပျပျအလင်းရောင်ကြား ဝိုင်တစ်ခွက်ရဲ့ရေပြင်ညီမျက်နှာပြင်ဟာတည်ငြိမ်လွန်းနေ၏။ နိမ့်သည်လည်းမဟုတ်သော မြင့်မားသည်ဟုဆို၍လည်းမရနိုင်အောင် လေလှိုင်းဆိတ်ကြိမ်သံတစ်ခုက အလင်းရောင်အနည်းငယ်ရှိသောအခန်းအတွင်းအေးစိမ့်စွာပျံ့နှံ့လာသည်။
လက်သူကြွယ်နှင့်လက်ခလယ်အကြား ဝိုင်နီတစ်ခွက်ဟာဆုပ်ကိုင်ခံရသွားချိန် လှုပ်ခါလိုက်သောအနီရင့်ရောင်ချိုမြမြဝိုင်တွေသည် နှုတ်ခမ်းပါးတစ်ခုဆီဦးတည်သည်။ စီးကာဝင်သွားသောလည်မျိုတစ်လျှောက်၌ သောက်သုံးချိန် အထက်အောက်ပြေးလွှားနေသော လည်စိထင်းထင်းသည်လှုပ်ခါသွားသလိုပင် အေးစက်စက်အသံတစ်ခုစေလွှတ်ရာ နှုတ်ခမ်းမွှေးရေးရေးထားရှိသောနှုတ်ဖျားက သူ့မျက်စိရှေ့ကကောင်လေးအား အမေးသဘောဆောင်သည်။
"ရပ်လိုက်ပါတော့ မဟုတ်ရင် ကျွန်တော်..."
စကားတစ်ခွန်းကိုအဆုံးသတ်ထိရောက်အောင်ဆက်ပြောခွင့်မပေးသည့်သူက လက်ဖဝါးမြှောက်ရင်းရပ်တန့်ဖို့အမိန့်ပြုသည်။ စိတ်ပျက်စွာခပ်ဟဟရယ်လိုက်သောမဲ့ပြုံးတစ်ခုက အရွယ်ရောက်နေပြီဖြစ်တဲ့ယောကျ်ားတစ်ယောက်ရဲ့မာနကိုမထီမဲ့မြင်ပြုသွားသည်။ အသက်အရွယ်တစ်ခုကြီးရင့်သူမို့ မရိုင်းစိုင်းချင်ခဲ့ပါ။ လက်မခံသော်လည်း သူကအမေ့ယောကျ်ားပဲမဟုတ်လား။
"ဟက် မင်းအဆင့်ကငါ့ကိုအမိန့်ပေးဖို့တန်လို့လား"
ခနဲ့သည်ထက်ပိုသောစော်ကားသည့်စကားတစ်ခွန်းက မာနကိုရိုက်ချိုးသွားသည်။ ဒေါသရဲ့အလိုကျကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသောလက်သီးဆုပ်တစ်ဖက်အား ဝိုင်တစ်ခွက်ကိုအရသာခံရင်းစူးစိုက်ကြည့်လာတဲ့သူဟာ မျက်ခုံးတွေတွန့်ချိုးလာသည်။ ခန့်မှန်းရခက်သည့်လူကိုမုန်းသည်။ အမှောင်ထုကိုပျော်မွေ့တဲ့လူကိုရွံသည်။ ဖခင်နေရာအဖြစ်ဝင်ရောက်လာတဲ့သူ့ကို သေလောက်အောင်မုန်းသည်။
"ကျွန်တော်ထွက်သွားတော့မယ်"
ဝိုင်တစ်ခွက်ကိုကိုင်ရင်းပြုစေသောအရာတစ်ခုမှာ လည်ထွက်သွားခဲ့သောပါးပြင်တစ်ခုထက် အားပြင်းပြင်းရိုက်ချက်တစ်ခုသည်အခစားဝင်ရောက်၏။ နံရံဆီတိုက်မိသောဟန်ချက်ပျက်သွားသည့်သူ့ကို ဘေ့စ်ဘောတုတ်သံတစ်တောက်တောက်က ဦးကြိုလာသည်။ မျက်ခမ်းစပ်ဆီစီးလာတဲ့သွေးတွေက မျက်စိရှေ့ကလူကိုအနီရောင်မြင်ကွင်းဖြင့်သာမြင်စေတော့ပြီ။
ESTÁS LEYENDO
Once upon a time's Jeon 𐤀 [Completed]
FanficUnicode & Zawgyi ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ JeonJungKook & KimTaeHyung ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ This story Including violence sce...