ဒါလေးက ခရာ့အနေနဲ့ ပထမဆုံးရေးတဲ့သရဲစာအုပ်လေးဖြစ်တယ်ဆိုတာ အားလုံးသိမယ်ထင်ပါတယ်။ ဒါကြောင့်လည်း လိုအပ်ချက်တွေလည်းရှိကောင်းရှိနိုင်တယ်ရယ်။
မနေ့ကရေးတဲ့အခန်းမှာလည်း ဂျောင်ကုပြတဲ့နာကျင်မှုကို ထယ်ယောင်းမခံစားနိုင်ခဲ့မှာကို...(ခဏလေး အဲ့လိုမဟုတ်ဘူး) ခံစားခဲ့ရတာကို ရေးတာသေချာမပေါ်လွင်ခဲ့မှာ နည်းနည်းစိုးရိမ်တယ်။ အဲ့အခန်းက အရေးကြီးတာမို့လေ။
အခုထိ Horrorလေးအပေါ် ဇာတ်လမ်းနဲ့ပတ်သတ်ပြီးခံစားချက်လေးသိချင်လို့ပါရှင် 😞💔
ဒါနဲ့ ထယ်ယောင်းယူထားတဲ့အိပ်ခန်းရဲ့ ပုံစံလေး ပြချင်လို့ပါ။ ဟိုးအစပိုင်းတွေမှာရေးပြခဲ့တာ မျက်လုံးထဲမမြင်ခဲ့မှာစိုးလို့။
ထယ်ယောင်းအခန်းက ပြတင်းပေါက်ကျယ်ကြီးနှစ်ခုရှိပြီး ခေါင်းရင်းတစ်ခြမ်း ၊ ခြေရင်းတစ်ခြမ်း ပြတင်းပေါက်ကြီးနဲ့။ အောက်ဘက်ခြမ်းမှာ စားပွဲနဲ့ထိုင်ခုံရှိပြီး အပေါ်ခြမ်းမှာကျ ထယ်ယောင်းအိပ်ရာ။
ဂျောင်ကုဝိဉာဉ်ကထိုင်နေခဲ့ရင်း ထယ်ယောင်းအိပ်နေခဲ့တာကိုကြည့်နေခဲ့တဲ့အခန်း မှတ်မိတယ်မလား။ လရောင်ဖြာကျနေပြီး လိုက်ကာဖြူကလွင့်နေခဲ့တယ်လေ။ အခန်းပုံစံက ပုံထဲကအတိုင်းဗီရိုရှိပြီး ကြမ်းပြင်ရော နံရံတွေရော အကုန်လုံးက သစ်သားနဲ့ပဲလုပ်ထားတာပါ။
ပုံလေးထဲကအတိုင်းပါပဲ။ မထင်မှတ်ပဲ Pinterestကိုတစ်နေ့ကမွှေရင်း တူတာလေးတွေ့လာခဲ့လို့ လာပြတာရယ်။ ပြတင်းပေါက်ပုံစံတော့မတူဘူးပေါ့။ ခရာထည့်ထားတာက တံခါးရွက်နဲ့ လိုက်ကာဖြူပါးလေးနဲ့ရယ်။
![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. ဒါက ထယ်ယောင်းသရဲခြောက်ခံရတဲ့ လှေကားထစ်အခန်းမှာ ပါတဲ့လှေကားပုံစံရယ်။ ဂျောင်ကုက ထယ့်ဖေဖေပုံစံဟန်ဆောင်ပြီးလှေကားကနေဆင်းသွားတာလေ အဲ့အခန်းပါ။

ESTÁS LEYENDO
Once upon a time's Jeon 𐤀 [Completed]
FanficUnicode & Zawgyi ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ JeonJungKook & KimTaeHyung ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ This story Including violence sce...