မဖြစ်နိုင်လွန်းတဲ့ပုံပြင်တစ်ပုဒ်ကို ငါ့အမြင်အာရုံတွေနဲ့ ကိုယ်တိုင်ဖတ်နေရတာ မယုံကြည်နိုင်ဘူး။ တကယ်လား။ လူတွေကအဲ့လိုအမျိုးအစားများပဲလား။
Once upon a time's Jeon
"ငါဒီမှာ ထယ်ယောင်း"
ညဘက်။ တိတ်တိတ်ဆိတ်ဆိတ်ရှိသည့်ကော်ဖီဆိုင်တစ်ခုအထဲ ဂျီမင်းကိုသူဖုန်းဆက်ပြီး ချိန်းထားခြင်း။ ဆိုင်ထဲရောက်ပြီးရှာတုန်း ကြိုရောက်နေသည့်ဂျီမင်းက သူ့အားလက်လှမ်းပြလေ၏။
ထယ်ယောင်းလာခဲ့ကာ သိချင်စိတ်ပြင်းပြနေတာကြောင့် ခုံကိုဆွဲယူပြီးထိုင်ဖို့ပြင်နေလျက်ပင် မေးခွန်းထုတ်လိုက်မိတယ်။
"မင်းပြောတဲ့ထွက်ပြေးသွားတယ်ဆိုတာဘာလဲ"
"ဖြေးဖြေးပေါ့ ထိုင်ဦး"
"ရပြီ ပြောတော့"
"မင်းပြောတဲ့နာမည်နဲ့ငါစုံစမ်းရသလောက် သူက ဘူဆန်မှာရှိတဲ့တက္ကသိုလ်တစ်ခုခုမှာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်တုန်းက တက်ခဲ့တဲ့ကျောင်းသားတစ်ယောက်ပဲ"
"ဘူဆန်ရဲ့တက္ကသိုလ်တစ်ခုကတဲ့လား"
"ဟုတ်တယ် ဂျွန်ဂျောင်ကုက ထူးချွန်ကျောင်းသားတစ်ယောက်လို့တောင်ပြောလို့ရတယ် ကြားတာအရ သူ့မိသားစုကအသင့်အတင့်အနေအထားပါပဲ သူကစာတော်ပြီး လူချစ်များကြတယ် ပြီးတော့ နောက်တစ်ခုက ဘေ့စ်ဘောကစားတာ"
"အဲ့တာက..."
"သူက ဘေ့စ်ဘောကစားနည်းမှာ အရမ်းတော်တယ် ထယ်ယောင်း ဂျွန်ဂျောင်ကုရဲ့ဝါသနာတွေထဲမှာ ဘေ့စ်ဘောကထိပ်ဆုံးတဲ့"
ထယ်ယောင်းသိရတဲ့အချက်အလက်တွေအရ ဂျောင်ကုရဲ့ပတ်ဝန်းကျင်ဆီမှာသံသယဖြစ်ဖွယ်မရှိ။ ဒါဆို ဘာလို့လဲ။
"ဂျောင်ကုမှာရန်သူတို့ ဘာတို့ရောရှိတယ်ကြားလား အဂျီ"
သူ့မေးခွန်းကြောင့် ဂျီမင်းကမျက်မှောင်ကြုံ့ပြီးကြည့်လာသည်။
"ဂျွန်ဂျောင်ကုကကျောင်းမှာရော အပြင်မှာရောက အကောင်းသတင်းတွေချည်းပဲ ထယ်ထယ်"
ကော်ဖီတစ်ငုံသောက်နေရင်း ဂျီမင်းတစ်ယောက် ခပ်တွေးစစပြောလာ၏။ သူ့စကားနဲ့မှ ထယ်ယောင်းလည်းသိပ်နားမလည်ချငိတော့။ အကောင်းသတင်းတွေချည်းဆို...?
VOCÊ ESTÁ LENDO
Once upon a time's Jeon 𐤀 [Completed]
FanficUnicode & Zawgyi ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ JeonJungKook & KimTaeHyung ပြတင်းတံခါးပေါက်နားက မင်းရဲ့ကော်ဖီခွက်လေး သောက်သုံးသူမဲ့ရင်းအေးစက်သွားခဲ့ရော့ပြီ...။ This story Including violence sce...