သိသိသာသာနှောင့်ယှက်ခံလာရခြင်း

3.3K 565 94
                                    

ဘာမှရေရေရာရာမသိခဲ့ပေမဲ့ စိတ်ကတော့အမှန်ဆိုတာယုံချင်နေပြီ။ ဒီကိစ္စကိုကွဲပြားအောင်လုပ်သင့်ပြီထင်တယ်။ မင်းကအစစ်အမှန်လား အတုအယောင်လား ငါသိရမှဖြစ်တော့မယ်။

Once upon a time's Jeon

"သားလေး နားဦးနော် ညကျရင်ရော မေမေအတူလာအိပ်ပေးရမလား"

"ဟင့်အင်း ရတယ် မေမေ"

"ငါ့သားအတွက် ဖေဖေနောက်ဖေးကရေကူးကန်ကြီးပြင်ထားပေးတယ်"

"ဟာ ဟုတ်လား ညနေမှသားရေသွားကူးရမယ်"

ထယ်ယောင်းဆေးရုံမှာတစ်ရက်နေခဲ့ပြီး သူတို့မိသားစုအိမ်ပြန်လာခဲ့ကြသည်။ ဘာမှကြီးကြီးမားမားမဖြစ်ပဲ အားနည်းရုံဖြစ်ခဲ့တာကြောင့်မို့ ဒီလောက်ပဲကြာခဲ့ခြင်း။ အိမ်ကြီးကိုရောက်တော့ စိတ်ထဲမသိုးမသန့်ဖြစ်ခဲ့ပေမဲ့ ဒီတစ်လောမှာလူကလည်းရူးကြောင်ကြောင်ဖြစ်ချင်နေတာကြောင့်သာလို့တွေးခဲ့လိုက်သည်။ မဟုတ်ရင် မိဘနှစ်ပါးအတွက် သူကစိတ်ပူစရာဖြစ်နေလိမ့်မှာလေ။ အခုတောင် မေမေကအရိပ်တကြည့်ကြည့်နဲ့။

"သားလေး နားတော့လေ ထမင်းစားချိန်ကျမေမေလာခေါ်မယ်"

"ဟုတ်ကဲ့ မေမေ သားခဏအိပ်လိုက်ဦးမယ်"

မေမေတို့ကိုနှုတ်ဆက်ပြီး အပေါ်ထပ်တက်လာခဲ့သည်။ အိပ်ခန်းထဲဝင်ပြီး ကုတင်ပေါ်ထိုင်မိသည့်တိုင် လုံခြုံသွားသည်မခံစားရသေး။ အခန်းကြီးကအေးစက်စက်နဲ့အတူ သူဟာရေခဲပြင်ပေါ်မှာထိုင်နေမိသည့်လူတစ်‌ယောက်အလားပင်။

"ငါဒီအိမ်ကြီးရောက်မှဘယ်လိုတွေဖြစ်နေခဲ့တာလဲ"

သက်ပြင်းချသံက ကျယ်လောင်လွန်းခဲ့သလား။ စိတ်တွေရှုပ်ထွေးမှုကများ ပိုပြီးဆိုးရွားခဲ့တာလား။ လက်မှာဆေးသွင်းထားခဲ့ရလို့ ပလာစတာကပ်ထားခဲ့တာလေးကိုကြည့်ပြီး ဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့တဲ့သက်ပြင်းတွေက ‌ချနေမိပြန်တယ်။

"ဟင်း"

အဝတ်အစားမလဲခဲ့တော့ပဲ အိပ်ရာအိအိထဲရှိစောင်နွေးနွေးထဲတိုးခြုံရင်း ထယ်ယောင်းအိပ်ဖို့ပြင်ပေမဲ့ အိပ်မပျော်။ စိတ်ကသာညစ်လာသည်။ ဖုန်းဖွင့်ပြီးသီချင်းနားထောင်တော့လည်း အဆင်မပြေ။ ဟိုလုပ်လိုက် ဒီလုပ်လိုက်နဲ့ပဲ အချိန်ကကုန်သည်။ နောက်ဆုံးတော့စိတ်မရှည်တော့။

Once upon a time's Jeon 𐤀 [Completed]Where stories live. Discover now