ပန်းချီပိတ်ကားပေါ်မှ သွေးလက်ဝါးရာ

3K 549 16
                                    

အဖြူရောင်ပိတ်ကား‌နောက်ခံပေါ်မှ အနီရောင်လက်ဝါးပန်းချီတစ်ချပ်က ဘာကိုရည်ရွယ်‌စေမလဲ ငါမသိဘူး သခင်လေးဂျွန်။ ဒီအရိပ်လေးကတောင် သွေးတွေစီးကျနေခဲ့တဲ့အထိ မင်းဘာတွေဖြစ်ခဲ့တာလဲ။

Once upon a time's Jeon

"ထယ်ယောင်း မင်းဒီနေ့အပြင်သွားဦးမှာလား"

"ငါမသိသေးဘူး အဂျီ ဘာဖြစ်လို့လဲ"

"ငါတို့ဟိုဆော့ဆီသွားကြည့်ကြမလား"

"ဆေးရုံကိုလား"

"ဟုတ်တယ် သွားကြရအောင် ထယ်ထယ် ဟိုဆော့နဲ့လည်းမတွေ့တာကြာပြီ"

"အင်း သွားမယ် အဂျီ ဟိုဆော့ဆီကအပြန်ကျ ဟိုအဖွားကြီးအကြောင်းလည်းစုံစမ်းရဦးမယ် တစ်ခါတည်းသွားလို့ရအောင် ငါတို့အဝတ်အစားလဲပြီးသွားကြတာပေါ့"

မနက်စာစားခဲ့ပြီး ထယ်ယောင်းတို့နှစ်ဦးသား ဟိုဆော့နားနေသည့်ဆေးရုံဆီထွက်လာခဲ့ကြသည်။ ဈေးမှာ အသီးအနှံတစ်ချို့လည်းဝင်ဝယ်ရင်း ဟိုဆော့အတွက် ရေမွှေးကောင်းကောင်းတစ်လုံးပါ ထယ်ယောင်းဝယ်ခဲ့လိုက်သည်။ သူ့သူငယ်ချင်းလေး သူ့ကြောင့် ဥဥယောင်သွားရတာဆိုတော့ သူဒီလောက်တော့မျက်နှာချိုပြန်သွေးမှ။

နာမည်ကြီးဆေးရုံရဲ့အခန်းသန့်သန့်မှာ ကျန်းမာရေးအရနားနေခဲ့တဲ့သူငယ်ချင်းဆီ သူတို့လာချိန်မှာ အန်တီတို့ကိုမတွေ့။ အခန်းဟာ ပကတိအလားငြိမ်သက်နေသည်။ ထယ်ယောင်းနဲ့ဂျီမင်းလည်း ဟိုဆော့အိပ်နေတာလားအထင်နှင့် တံခါးပေါက်မှချောင်းပေမဲ့ အထဲကိုမမြင်ရ။ ဒီကောင်အိပ်နေရင် အနှောင့်အယှက်မပေးချင်တာမို့ ချောင်းတာကို မရတာကြောင့် ဘေးဆွဲစလိုက်တံခါးကိုအသာယာဆွဲဖွင့်ကြည့်တော့ ကျွီခနဲအသံကြီးက ကျယ်လောင်စွာပေါ်ထွက်လာသည်။

"ဟိုဆော့ အိပ်နေလား"

"ဟိုဘီရား ငါတို့လာတယ်"

တံခါးဖွင့်လိုက်ချင်း ‌တစ်ဖက်ဆေးရုံခန်းထောင့်ရှိကုတင်ပေါ်မှ သူတို့သူငယ်ချင်းဟာ ဆေးရုံလူနာဝတ်စုံလေးနဲ့ခပ်ဖျော့ဖျော့ပြုံးသည်။ ရင်ထဲမကောင်း။ အမြဲတမ်းတောက်ပစွာပြုံးနေတတ်‌သည့် ဟိုဆော့ကို ဒီလိုဖျော့တော့နေစွာမြင်လိုက်ရတဲ့အခါတော့ ထယ်ယောင်းတို့စိတ်မကောင်းမိသလို အားလည်းလျော့မိရသည်။

Once upon a time's Jeon 𐤀 [Completed]Donde viven las historias. Descúbrelo ahora