(Unicode)
Kylo ကို ရှေ့မှာ Mr. Kylo လို့ ရေးခဲ့မိတယ်။ အမှန်တော့ အဲဒါ First name ပါ။ သူ့ရဲ့ Surname က Chen. ပြန်မပြင်တော့ဘူး။ ရှေ့လျှောက် Mr. Chen or Kylo လို့ပဲ သုံးပါတော့မယ်
**********Xeno မှာ ပထမဆုံး အလုပ်ဆင်းတဲ့အကြိမ်ကို အမတ် Kylo က သူနဲ့ အတူသွားဖို့ အကြုံပြုတယ်။ ဒါပေမယ့် လောလောဆယ်မှာ လူအာရုံစိုက်ခံရတာ မကောင်းတာကြောင့် Xiao Zhan က ငြင်းလိုက်တယ်။ J&R က သူ နှုတ်ထွက်လိုက်တဲ့ကိစ္စအပေါ် အင်တာဗျူးချင်နေကြတဲ့ သူတွေက အများကြီးပဲ မဟုတ်လား။ သတင်းဌာနတွေရဲ့ conspiracy theories တွေထဲမှာတော့ J&R က အုပ်ချုပ်ပိုင်းနဲ့ Xiao Zhan နဲ့ ပြဿနာတက်နေမှာပေါ့။ Xiao Zhan ရဲ့ project အသစ်အတွက် budget အလုံအလောက်ချမပေးတာတို့ ကုမ္ပဏီတစ်ခုရှိတဲ့ Xiao Zhan က အုပ်ချုပ်ရေးပိုင်းကို ဝင်လာမှာစိုးလို့ ကန်ထုတ်ပစ်လိုက်တာတို့ သူတို့ရဲ့ သီအိုရီတွေက အများကြီးပါပဲ။ Xeno နဲ့ ပူးပေါင်းမှုနောက်ကွယ်က အကြောင်းတရားတွေကိုလည်း မေးခွန်းထုတ်ချင်နေကြတာ။ ဒါပေမယ့် Xiao Zhan ကတော့ သူတို့ကို ဖြေဖို့ စိတ်ကူးမရှိဘူး။ ဒါကြောင့် ပိုပြီး သတင်းဖြစ်သွားစေမယ့် ကိစ္စတွေကို ရှောင်တာပေါ့။
Xiao Zhan သွားရတဲ့ နေရာက Xeno ရဲ့ လက်အောက်က Research lab တစ်ခုပါ။ သူက နေရာကျယ်ကျယ်ယူချင်တာမို့ တည်နေရာက မြို့ပြင်ဘက် နည်းနည်းရောက်တယ်။ သွားဖို့လာဖို့ မလွယ်ကူတဲ့အတွက် lab မှာပဲ နေဖို့ စီစဉ်ထားတာ။ လေးဆယ့်ငါးမိနစ်လောက် ကားမောင်းပြီးတဲ့အခါမှာတော့ သစ်တောအုပ်တစ်ခုကို စတွေ့ရတယ်။ လမ်းကြောင်းအတိုင်း သုံးမိနစ်လောက် ဆက်မောင်းလာပြီးတဲ့အခါမှာ ပထမဆုံး စစ်ဆေးရေးဂိတ်ကို ဖြတ်ရတယ်။ ပထမဆုံး ဂိတ်က လူမဲ့ စနစ်နဲ့ စစ်ဆေးတာပါ။ ဒါပေမယ့် တတိယဂိတ်က စပြီး လူတွေကို သုံးထားတာ တွေ့ရတယ်။ Xiao Zhan ရဲ့ ကားကတော့ သူ့ရဲ့ ID ကို ပြပြီး ဝင်ခွင့်ရခဲ့ပါတယ်။ အမှန်တော့ ဒီအတွက်ကြောင့် Kylo က Xiao Zhan ကို အတူသွားဖို့ ပြောခဲ့တာ။ Kylo ပါရင် ဂိတ် လေးခုကို ဖြတ်ရတာ ပိုပြီး လွယ်ကူမှာ။ ဒါပေမယ့် ခုလည်း ပြောရလောက်အောင် ပင်ပန်းတာတော့ မဟုတ်ပါဘူး။
Research lab ရဲ့ အတွင်းကျဆုံး ဝင်းထဲကို ခြေချပြီးတော့ Kylo က သူ့ကို အပြင်ထွက်ကြိုတယ်။
YOU ARE READING
Ending the Beginning
Fanfiction(Unicode) သူ့ရဲ့ ဖြစ်တည်မှုက မှားယွင်းနေခဲ့တယ်ဆိုရင် ဒီအတွက် တာဝန်ရှိတဲ့သူက Xiao Zhan ပဲ။ (Zawgyi) သူ့ရဲ့ ဖြစ်တည်မှုက မှားယွင်းနေခဲ့တယ်ဆိုရင် ဒီအတွက် တာဝန်ရှိတဲ့သူက Xiao Zhan ပဲ။