(Unicode)
အလုပ်တစ်ခုခုမှာ အာရုံစူးစိုက်နေသူအဖို့ အချိန်ကုန်ဆုံးမှုက အရမ်းမြန်တယ်။ ဒါကြောင့် computer screen ကနေ Xiao Zhan နောက်တစ်ခါ အကြည့်ခွာတဲ့အချိန်မှာ ၁:၃၀ ဖြစ်နေခဲ့ပြီ။
"ဆရာ Xiao, သွားဖို့ အချိန်ကျပြီ"
ဒီနေ့ အမတ် Kylo နဲ့ ချိန်းထားတဲ့ နေရာက ကြယ် ၅ ပွင့် စားသောက်ဆိုင် တစ်ခုပါ။ Xiao Zhan နာမည်ပြောလိုက်တော့ စားပွဲထိုးလေးက ကြိုတင်ပြင်ဆင်ထားတဲ့ private ခန်းတစ်ခုကို ခေါ်သွားပေးတယ်။ ဒီဆိုင်က ကြယ် ၅ ပွင့်ဆိုတဲ့အတိုင်း private room ရဲ့ privacy ကလည်း အလုံခြုံဆုံးပဲ။
Xiao Zhan ရောက်ပြီး မိနစ်ပိုင်း အတွင်းမှာပဲ Kylo လည်း ရောက်လာခဲ့တယ်။ သူ့ ပုံစံကြည့်ရတာ ပင်ပန်းနေသလိုပဲ။
"Hello Mr. Xiao, ဒီနေ့ Live ကို ကြည့်လိုက်ရတယ်လို့ ထင်တယ်"
"ကျွန်တော် စိတ်မကောင်းပါဘူး"
Kylo က လက်ကာပြတယ်။
"အချို့ ကိစ္စတွေကို ကျွန်တော်တို့ ထိန်းချုပ်လို့မှမရပဲ။ အဲဒီအစား ထိန်းချုပ်နိုင်တဲ့ ကိစ္စတွေကို ဆက်လုပ်ကြတာပေါ့"
"Mr. Kylo ဘာကိုဆိုလိုချင်တာလဲ ကျွန်တော်သိပ်နားမလည်ဘူး"
"ကျွန်တော်ကတော့ Mr. Xiao နားလည်မယ်လို့ ထင်ပါတယ်"
Kylo က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်တယ်။
"စားရင်းနဲ့ ဆက်ပြောကြတာပေါ့"
နေ့လယ် ၂ နာရီဆိုတာ အမှန်တော့ နေ့လယ်စာ စားချိန် လွန်နေခဲ့ပြီ။ ဒါပေမယ့် ဒီအလုပ်များတဲ့ နှစ်ယောက်မှာ တစ်ယောက်မှ မစားရသေးဘူး။
Kylo က သူသဘောကျတဲ့ ဟင်းလျာတွေကို အနားရွှေ့လိုက်ရင်း ဆက်ပြောတယ်။
"Special Force A1 စဖွဲ့တဲ့ အချိန်ကို မှတ်မိလိုက်သေးလား"
Special Force A1 ဆိုတာ Xiao Zhan တို့ အထက်တန်းကျောင်းသား အရွယ်လောက်မှာ ပေါ်လာခဲ့တဲ့ အထူးတပ်ဖွဲ့တစ်ခုပါ။ AAI အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရတယ်။
"ကျွန်တော် အဲဒီတုန်းက တော်တော်အံ့ဩသွားခဲ့တာ။ ဒီလို စနစ်ကျတဲ့ တပ်ဖွဲ့တစ်ဖွဲ့က နေ့ချင်းညချင်း ပေါ်လာခဲ့တယ်ဆိုတာကိုလည်း နည်းနည်း ထူးဆန်းတယ်လို့ ထင်ခဲ့မိတယ်"
YOU ARE READING
Ending the Beginning
Fanfiction(Unicode) သူ့ရဲ့ ဖြစ်တည်မှုက မှားယွင်းနေခဲ့တယ်ဆိုရင် ဒီအတွက် တာဝန်ရှိတဲ့သူက Xiao Zhan ပဲ။ (Zawgyi) သူ့ရဲ့ ဖြစ်တည်မှုက မှားယွင်းနေခဲ့တယ်ဆိုရင် ဒီအတွက် တာဝန်ရှိတဲ့သူက Xiao Zhan ပဲ။