Chapter 10

421 49 2
                                    

အမှန်တော့ AAI ရဲ့ အဆိုကို လက်မခံတဲ့ဘက်မှာ Xiao Zhan တို့လို ပညာရှင်တွေရှိသလို အခြားတစ်ဖက်မှာလည်း အံ့ဩစရာကောင်းရလောက်အောင်ပဲ ပညာရှင်အင်အားစုရှိနေတယ်။ AI singularity လို့ ခေါ်တဲ့ AI တွေရဲ့ ဉာဏ်ရည်က လူသားတွေရဲ့ ဉာဏ်ရည်ကို ကျော်လွန်ပြီး လူနဲ့ ကွန်ပျူတာတွေကြားက ကွာခြားမှုပျောက်ကွယ်သွားမယ့် အနာဂတ်အချိန်ကာလတစ်ခုအကြောင်း ရေးသားထားတဲ့ စာအုပ်တွေကို ကြည့်ရင် ဒီဘက်မှာလည်း ပညာရှင်တွေ ရှိကြောင်း သိနိုင်တယ်။ ဒီအုပ်စုက AAI ရဲ့ အကြမ်းလုပ်ရပ်တွေကို သဘောမတူပေမယ့် တွက်ချက်လို့မရတဲ့ အနာဂတ်အတွက် တူညီတဲ့ အကြောက်တရားတစ်ခုကိုတော့ လက်ကိုင်ထားကြတယ်။ ဒါကြောင့် အချို့ နည်းပညာ ကုမ္ပဏီကြီးတွေမှာ လိုချင်တဲ့အတိုင်းအတာထက် ပိုပြီး intelligent ဖြစ်ပုံရတဲ့ program တွေကို ဆက်လက်လေ့လာမှုမလုပ်တော့ဘဲ ရပ်ပစ်လိုက်တာ ပိတ်ပစ်လိုက်တာမျိုးတွေ ရှိနေတာပဲ။ ဒီလို program အများစုက AI Assistant တို့ Chatbot တို့ လိုမျိုး data တွေအများကြီးရရှိထားပြီး human behavior ကို အနီးစပ်ဆုံး လေ့လာတုပထားတဲ့ program တွေဖြစ်ကြတယ်။ ဒါပေမယ့် ဒီလို ကောလဟာလ ဒါမှမဟုတ် သေချာတဲ့အတွင်းသတင်းတွေက ဒီလောကထဲမှာ အချိန်အတော်ကြာ လေ့လာနေတဲ့ Xiao Zhan လိုလူမျိုးကို သိပ်ပြီး သံသယဖြစ်စရာတွေ မပေးခဲ့ပါဘူး။ သူ ဒီပညာရပ်ကို လေ့လာဖို့ မြုပ်နှံခဲ့တဲ့ နှစ်တွေက အလကားမှ မဟုတ်ပဲ။

ပထမဆုံးအချက်အနေနဲ့ Human brain. သူ့ရဲ့ ရှုပ်ထွေးမှုကို ဆေးပညာရှင်တွေက အခုချိန်ထိ ပြည့်ပြည့်ဝဝနားမလည်နိုင်ကြသေးဘူး။ သူက ဘယ်လိုအလုပ်လုပ်လဲ သူ့ကို stimulate လုပ်ဖို့ဖြစ်နိုင်လားဆိုတာကို ဖြေရှင်းဖို့ ကြိုးစားနေကြတုန်းပဲ ရှိသေးတယ်။ ဒီလို သေချာနားမလည်နိုင်သေးတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ပုံကို တုပပြီး တွေးခေါ်နိုင်တဲ့ neural network တစ်ခုတည်ဆောက်ဖို့ဆိုတာ အဆင့်ကျော်ပြီး ကြိုးပမ်းနေသလိုပဲ။ ဒုတိယအချက်နေနဲ့ပြောရရင် ဒီဆယ်စုနှစ်တွေထဲမှာ AI တွေရဲ့ computing စွမ်းရည် နဲ့ machine learnig စွမ်းဆောင်ရည်တွေ သိသိသာသာ တိုးတက်လာတာကို အားလုံးတွေ့မြင်ခဲ့တယ်။ ဒါကြောင့် AI super intelligence နဲ့ ပတ်သက်တဲ့ prediction အများစုက AI တွေက ဒီအရှိန်နှုန်းနဲ့ ဆက်ပြီး တိုးတက်နေမယ်ဆိုရင် ဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးခန့်မှန်းထားကြတာ ဖြစ်တယ်။ အဲဒီအခြေအနေဖြစ်မလာစရာအကြောင်းတွေ အများကြီးရှိနေတဲ့ လောကကြီးမှာ ဒီလိုအကောင်းမြင်ထားတဲ့ ခန့်မှန်းချက်က ဟာကွက်တွေ အများကြီးပါပဲ။ ဒါ့အပြင် ဆက်ပြီးတိုးတက်ခဲ့မယ်ဆိုရင်တောင် ဒီတိုးတက်မှုတွေက အချက်အလက်တွေ မြန်မြန်စုဆောင်းပြီး တွက်ချက်မှုတွေပဲ ဖြစ်နေမှာ။ ဒါတွေကို ဘယ်လောက်ပဲ မြန်မြန်လုပ်ဆောင်နိုင်ပါစေ ဒါက ကိုယ်ပိုင် "စိတ်" တစ်ခုဖြစ်လာတာမဟုတ်ဘူး။ ဘာလို့ဆို consciousness ဆိုတဲ့အရာက algorithm တည်ဆောက်ပြီး တစ်ခုခုထဲကို ထည့်ပေးလို့ ရတဲ့အရာမဟုတ်တာကြောင့်ပဲ။ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောလို့မရပေမယ့် မျက်မှောက်ခေတ်မှာတော့ အလှမ်းဝေးနေသေးတယ်လို့  Xiao Zhan ယူဆထားတယ်။ တကယ်လို့ ဖြစ်လာခဲ့မယ်ဆိုရင် consciousness ကို upload လုပ်ခြင်း download လုပ်ခြင်းကိစ္စတွေမှာ သူ့ကိုယ်ပိုင် ethical issues တွေနဲ့အတူပေါ်လာမှာပဲ။ အခု memory upload လုပ်ခြင်းကို တားမြစ်ထားသလိုပေါ့ Memory ကို code အနေနဲ့ upload လုပ်ပြီး မှတ်ဉာဏ်နဲ့ ပေါင်းစပ်ထားတဲ့ AI တွေကတော့ တမူထူးခြားတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်သူက သေချာသိနိုင်မှာလဲ။ Xiao Zhan လည်း မသိဘူး။ သူ J&R ကို ရောက်တဲ့အချိန်မှာ အသစ်ထွက်လာတဲ့ ဥပဒေကြောင့် သူတို့က ဒီ project ကို ဆက်မလုပ်ကြတော့ဘူးလေ။ 085 ကတော့ သူနဲ့ Xiao Zhan အတူရှိခဲ့တဲ့အချိန်က မိနစ်ပိုင်းပဲမို့ ဒီအချိန်တိုအတွင်း ဘယ်လိုစမ်းသပ်မှုနဲ့ ဘယ်လိုကောက်ချက်ချမှုကိုမှ မလုပ်နိုင်ခဲ့ဘူး။

Ending the BeginningTahanan ng mga kuwento. Tumuklas ngayon