Chapter 11

332 39 0
                                    

စနေနေ့ နေ့လယ်ရောက်တော့ Xiao Zhan က Kylo နဲ့ အတူ Director Yu ကို တွေ့ဖို့ ထွက်သွားတယ်။ သူတို့သွားတဲ့နေရာက ရှုပ်ထွေးတဲ့ မြို့လယ်ကောင်မဟုတ်ဘဲ Director ရဲ့ အနားယူတဲ့ အိမ်ရှိတဲ့
နည်းနည်းအစွန်ကျပြီး အေးချမ်းတဲ့ နေရာဖြစ်တယ်။ Director Yu က J&R Corporation ရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး Xiao Zhan အဲဒီမှာ
အလုပ်လုပ်တုန်းက ရင်းနှီးခဲ့တာပါ။ ပုံမှန်ဆို ဒီအတိုင်းလုပ်ငန်းခွင် ပတ်သက်မှုတစ်ခုအဖြစ်နဲ့ပဲ ပြီးသွားမှာ ဆိုပေမယ့် သူက Mr. Wang နဲ့ သိကျွမ်းတော့ Xiao Zhan နဲ့လည်း လုပ်ငန်းခွင်ပြင်ပ ဆက်ဆံရေးရှိတယ်။ ဒါပေမယ့် သူ့အိမ် ကိုယ့်အိမ် အလည်သွားရလောက်အောင်တော့ မဟုတ်ဘူးပေါ့။ Wang
အိမ်နဲ့ လုပ်ငန်းချင်းကလည်း မတူဘူးဆိုတော့ နှစ်သစ်ကူးမိတ်ဆုံစားပွဲတွေမှာ နှုတ်ဆက် စကားပြောရုံလောက်ပါပဲ။ Kylo နဲ့လည်း ထိုနည်းလည်းကောင်းပဲ နေပါလိမ့်မယ်။ သူတို့ Chen အိမ်နဲ့ ဆက်ဆံရေးမရှိတဲ့မိသားစုက ရှားပါတယ်။

Xiao Zhan တို့ရောက်တော့ အိမ်တော်ထိန်းက သူတို့ကို လာစောင့်ပြီးကြိုနေတာကို တွေ့ရတယ်။

"Director က အပေါ်ထပ်က စာဖတ်ခန်းထဲမှာ စောင့်နေပါတယ်။ ကျွန်တော့် နောက်က လိုက်ခဲ့ကြပါ"

သူတို့နှစ်ယောက်ကားပေါ်က ဆင်းပြီးတာနဲ့ အိမ်တော်ထိန်းက နှုတ်ဆက်စကားအချို့ပြောပြီး လာရင်းကိစ္စအတွက် ရှေ့က ဦးဆောင်ခေါ်သွားပေးတယ်။ ဒီ industry ရဲ့ senior တစ်ယောက်အနေနဲ့ Director Yu ရဲ့ residence က နောက်ဆုံးပေါ် ခေတ်မီအသုံးအဆောင်တွေ ပြည့်နေလိမ့်မယ်လို့ ထင်စရာပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီနေရာက
ရိုးစင်းပြီး ရှေးဆန်တဲ့ အပြင်အဆင်တွေကိုပဲ သုံးထားတယ်။ ရာစုနှစ်ချီပြီး နောက်ပြန်ရောက်သွားသလိုမျိုး အနည်းငယ် လွမ်းဆွတ်စရာ ခံစားချက်မျိုးပေးပြီးတော့ နွေးထွေးသလိုမျိုးပဲ။ သူတို့ အပေါ်ထပ်ကို ရောက်တဲ့အခါတော့ အိမ်တော်ထိန်းက တံခါးခေါက် အကြောင်းကြားပြီး ရှောင်းကျန့်တို့ကို အထဲဝင်စေတယ်။

Director Yu က Xiao Zhan ထွက်သွားတဲ့ လပိုင်းအတွင်းမှာ အရေးအကြောင်းအနည်းငယ် ထပ်ပေါ်လာသလိုပဲ။ စိတ်ဖိစီးမှုကိုဘယ်လိုဖြေဖျောက်ရမလဲကျွမ်းကျင်တဲ့ သူလိုလူမျိုးတောင် ဒီလို ပြဿနာပေါင်းစုံနဲ့ ကြုံတော့ မခံနိုင်ဘူးပဲ။

Ending the BeginningWhere stories live. Discover now