Chapter 4

1.3K 227 26
                                    

(Unicode)

Xiao Zhan နိုးလာတော့ မနက် ၁၁ နာရီ ရှိပြီ။ ပုံမှန်ဆို ဒီအချိန်ထိ မအိပ်တတ်ပေမယ့် မနက်က လူနာစောင့်ရင်းနဲ့ 5 AM လောက်မှ အိပ်ပျော်သွားတာမို့ ဒီလိုနေမြင့်မှ ထဖြစ်သွားတာ။ Calendar ကြည့်လိုက်တော့ ဒီနေ့အတွက် ဘာ schedule မှ ရှိမနေဘူး။ အမှန်တော့ ဒီနေ့ကို 085 နဲ့ deal လုပ်ဖို့ တမင်သက်သက် ရှင်းထားခဲ့တာ။ အခုတော့ ဒီအတိုင်း အားနေတာပေါ့။ ဒါနဲ့ပဲ မပြန်ရတာကြာပြီဖြစ်တဲ့ Wang အိမ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။

Xiao Zhan သူ့ အခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်တော့ Bai An စီစဉ်ပေးထားတဲ့ မနက်စာကို တွေ့ရတယ်။ ပူနေတုန်းပဲ ရှိသေးတာမို့ လာပို့ထားတာ မကြာသေးဘူး ထင်တယ်။ ရေချိုးပြီးမှပဲ စားတော့မယ်။

Xiao Zhan ဟာ ကိုယ့်ကိုယ်ကို ပြန်ပြီး admire ဖြစ်တဲ့လူမျိုးမဟုတ်တဲ့အတွက် ရေချိုးခန်းထဲမှာ ကိုယ့်ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်ရှုတာမျိုး ပုံမှန်လုပ်လေ့မရှိပါဘူး။ ဒါပေမယ့် ဒီနေ့တော့ သူ့လည်ပင်းတစ်ဝိုက်က ညိုမည်းစွဲနေတဲ့ ဒဏ်ရာကို ကြည့်ရှုဖြစ်တယ်။ ညတုန်းက နီရဲနေခဲ့ပေမယ့် အခုတော့ ခရမ်းရင့်ရောင် ညိုပုပ်ပုပ် ဖြစ်နေခဲ့ပြီ။ သူ ဆေးရုံသွားရင် ကောင်းမလားလို့ စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် ဒါကို ချော်လဲတဲ့ ဒဏ်ရာလို့တော့ ဘယ်လိုမှ ပြောလို့ရမှာ မဟုတ်ဘူး။ ဘာလို့ဆို သူ့မှာရှိတဲ့ ညိုမဲစွဲအရာကို ကြည့်ရင် ယောက်ျားတစ်ယောက်ရဲ့ အားနဲ့ လည်ပင်းကို ညှစ်ထားခဲ့တဲ့ ဒဏ်ရာဆိုတာ သိသာလွန်းနေလို့ပဲ။ Xiao Zhan တစ်ယောက် စိတ်ရူးပေါက်ပြီး ကိုယ့်ကိုယ်ကို ကြိုးကွင်းစွပ်ကြည့်ပါတယ်ဆိုရင်တောင် ဒီလို လက်ရာတွေကျန်ခဲ့မှာ မဟုတ်ဘူးလေ။

ဒါကြောင့် ဆေးရုံသွားမယ်ဆိုရင် သူ မလိုချင်တဲ့ ဖြေရှင်းမှုတွေ လိမ်ညာမှုတွေ လုပ်ရဦးမယ်။ ဒါတွေ မလုပ်ချင်တဲ့အတွက် အချိန်တန်ရင် ပျောက်သွားလိမ့်မယ်ဆိုပြီး ဆေးလိမ်းပြီးတော့ ဒီအတိုင်းပဲ ထားခဲ့တာ။ ခုတော့ ဆေးကပဲ အစွမ်းမထက်တာလား 085 ကပဲ သန်မာလွန်းနေတာလား သူ့ရဲ့ bruise က အရောင်ပိုရင့်လာသလိုပဲ။ သူ့ လည်ပင်းတစ်ဝိုက်ကို Xiao Zhan အသာအယာ တို့ထိကြည့်လိုက်တယ်။ အနည်းငယ် နာကျင်မှုနဲ့အတူ သူ့အာရုံထဲမှာ မနေ့ညက မြင်ကွင်းအချို့ကို ပြန်မြင်ယောင်လာတယ်။

Ending the BeginningWhere stories live. Discover now