Chapter 15

369 47 3
                                    

🎃 Halloween Treats! 🎃

"ခုတလော ရာသီဥတုက အရမ်းအေးလာတယ် မဟုတ်လား။ ဒီနေ့ Central မှာ အနှုတ် 4° ဖြစ်နေပြီ။ ဒီအအေးချိန်နဲ့ ကျွန်မတော့ ဒီနေ့ မနက် အိပ်ရာလုံးဝမထချင်ခဲ့ဘူး။ လူကြီးမင်းတို့လည်း အတူတူပဲ မဟုတ်လား"

"ဒါပေါ့ ကျွန်တော်လည်း Alarm သုံးခါပေးပြီး ထတာတောင် မရလို့ Housekeeping robot က အိပ်ရာပေါ်က ဆွဲချခဲ့ရတာလေ"

"နေပါဦး ဒါတော့ မများလွန်းဘူးလားရှင့်"

"မများပါဘူးဗျာ"

"ဒါပေမယ့် ဘယ်လိုပဲ ရာသီဥတုကြမ်းတမ်းပါစေ ကျွန်တော်တို့က အအေးဒဏ်ကို အန်တုပြီး အလုပ်သွားကြရမယ် မဟုတ်လား။ ဒါကြောင့် အလုပ်ကြိုးစားတဲ့ လူကြီးမင်းတို့ အတွက် လမ်းမှာ နားဆင်ဖို့ ကျွန်တော်တို့ ရွေးချယ်ပေးထားတဲ့ သီချင်းကတော့ .."

"Ryo ရဲ့ Snow With You ပဲ ဖြစ်ပါတယ်ရှင်"

တစ်ဆက်တည်းပဲ Radio ကနေ သာယာတဲ့ တီးလုံးသံ ထွက်လာတယ်။ ခပ်စိတ်စိတ် beat တွေနဲ့ နှင်းဖုံးနေတဲ့ မနက်ခင်းကို လန်းဆန်းအောင် လုပ်ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ပုံနဲ့။

"ပိတ်လိုက်တော့။ ကျွန်တော် နားမထောင်တော့ဘူး"

အပြင်ဘက်က အဖြူရောင် ရှုခင်းကို ကြည့်နေတဲ့ Xiao Zhan က သူ့ရှေ့က Bai An ကို ပြောလိုက်တယ်။ ရှုပ်နေတဲ့ သူ့စိတ်ကို အပြောင်းအလဲဖြစ်မလားဆိုပြီး Radio နားထောင်ကြည့်ပေမယ့် အကူအညီမဖြစ်ပါဘူး။ ပုံမှန်ဆို သာယာတဲ့ သီချင်းသံက အခုချိန်မှာတော့ ဆူညံသံ သက်သက်ဖြစ်နေတယ်။ Host နှစ်ယောက်ရဲ့ တက်တက်ကြွကြွ စကားသံတွေကလည်း နားညီးစရာလိုပဲ။

Bai An က တိတ်တဆိတ်ပဲ Radio ကို ပိတ်လိုက်တယ်။ ဒီနေ့ ဆရာ Xiao စကားသိပ်မပြောဘူး။ ပုံမှန်လည်း စကားနည်းတဲ့လူဆိုပေမယ့် ဒီနေ့က ထူးထူးခြားခြားကို ပိုပြီး တိတ်ဆိတ်နေတာ။ သူလစာမဖြတ်ခံချင်ရင် ဒီနေ့တစ်နေ့လုံး ကြည့်နေ ကြည့်စားမှ ဖြစ်မယ်။

"Coffee ဝယ်ပေးရမလား ဆရာ Xiao, ရှေ့မှာ Rain တစ်ဆိုင်တွေ့တယ်"

သူက လေသံတိုးတိုးနဲ့ မေးတယ်။ စိတ်ညစ်နေတဲ့အချိန် နွေးနွေးလေး တစ်ခုခုသောက်လိုက်ရရင် စိတ်ကြည်သွားတယ်လို့ ဆရာ Xiao တစ်ခါပြောဖူးတယ်။

Ending the BeginningTempat cerita menjadi hidup. Temukan sekarang