Chapter 13

337 47 3
                                    

Xiao Zhan သူ့အတွေးတွေကို ပြန်ရုတ်လိုက်တယ်။ အဲဒီတုန်းက မလွှဲသာ မရှောင်သာလို့ ပြောလို့ ရတဲ့အခြေအနေမို့ သူသည်းခံခဲ့ပေမယ့် နောက်တစ်ခါဆိုတာ ရှိလာမှာမဟုတ်ဘူး။ သူ အဲဒီဖိနပ်ဗူးကို ဖယ်ပြီး နောက်တစ်ခုကို ကြည့်လိုက်တယ်။ ဒီဗူးကို ဖွင့်လိုက်လိုက်ချင်းပဲ Xiao Zhan အကြိုက်ဆုံး တံဆိပ်နဲ့ ကော်ဖီဗူးက သူ့အာရုံကို ဆွဲယူသွားတယ်။ နောက်ဆုံးတော့ အသုံးတည့်တာလေးတွေ့ပြီ။ ခုနက စိတ်တိုမှုကို နောက်ပစ်လိုက်ပြီး Xiao Zhan က ချက်ချင်းပဲ ထုပ်ပိုးထားတဲ့ ပါကင်ကို ဖယ်ပြီး ကော်ဖီဗူးကို ဖောက်လိုက်တယ်။ သစ်အယ်သီးနံ့ နဲ့ ကော်ဖီနံ့ပေါင်းထားတဲ့ အနံ့ချိုချိုလေးက သူ့နှုတ်ခေါင်းဝကနေ တစ်ဆင့် တစ်ကိုယ်ကိုယ်လုံးဆီ စီးဆင်းသွားပြီး ခံစားချက်ကိုပါ တစ်ခါတည်း နွေးထွေးသွားစေတယ်။ စိတ်ကျေနပ်မှုနဲ့အတူ နှုတ်ခမ်းကလည်း အလိုလို ပြုံးမိလျက်သားပဲ။ ဒီလူက သူ့အကြိုက်ကို သိတဲ့လူပဲ။ Xiao Zhan ကော်ဖီဗူးကို ပြန်ပိတ်ပြီး လက်ဆောင်ဗူးထဲ ဟိုဟို ဒီဒီ ရှာကြည့်တော့ မွေးနေ့ဆုတောင်းကဒ် ပါလာတာကို မတွေ့ရဘူး။ အဲဒီအစား ခုနက သူ သတိမထားမိခဲ့တဲ့ နောက်ထပ်ဗူးသေးသေးလေးတစ်ခုကိုသာ တွေ့ရတယ်။ ဒီဗူးလေးက? သူ့စိတ်ထဲမှာ တစ်ခုခုထင်လိုက်ပေမယ့် သေချာအောင် ကောက်ကိုင်ကြည့်လိုက်တယ်။ ပစ္စည်းက လက်ထဲမှာ အလွယ်တကူ ပါလာပြီး အလေးချိန် သိပ်ရှိတဲ့ပုံမပေါ်ဘူး။ မဟုတ်မှလွဲရော Xiao Zhan မဝံ့မရဲနဲ့ လက်ဆောင်ဗူးသေးသေးလေးကို ဖွင့်လိုက်တယ်။ ဒီခဏမှာပဲ သူသိချင်နေတဲ့ ကိစ္စတစ်ခုကို တန်းပြီး သိသွားခဲ့တယ်။ သူမမြင်ရတာကြာပြီဖြစ်တဲ့ ရင်းနှီးတဲ့ လက်ဆောင်တစ်ခုက ဟိုးအရင်တုန်းက သူမြင်နေကျ ပုံစံအတိုင်းပဲ အသင့်ရှိနေတယ်။ ညနေနေဝင်ခါနီး မှိန်ဖျဖျ အလင်းရောင်အောက်မှာ လက်ခနဲ့ဖြစ်သွားတဲ့ ရွှေဒင်္ဂါးပြားလေးက သူပထမဆုံးမြင်တုန်းကတစ်ခုလို တောက်ပနေတာပဲ။

"ဒီဒင်္ဂါးနဲ့ ကျွန်တော့်ဆီက ဘာမဆိုတောင်းဆိုလို့ ရတယ်။ ညီလေးက အကုန် ဖြည့်ဆည်းပေးမယ်"

သူ အသက် ၁၇ နှစ်ပြည့်တဲ့နေ့။ အဲဒီနေ့က မျက်လုံးဖွင့်ဖွင့်ချင်း သူ့အိပ်ရာပေါ်ခုန်တက်လာတဲ့ ကလေးတစ်ယောက်ကြောင့် Xiao Zhan လန့်ဖျပ်သွားခဲ့တယ်။ တစ်ဦးတည်းသောသားအဖြစ် နှစ် ၂၀ နီးပါးကြီးပြင်းလာခဲ့တဲ့ Xiao Zhan အနေနဲ့ ရုတ်တရက် ညီတစ်ယောက်ရလာတဲ့အခြေအနေကို တစ်ခါတလေ မေ့နေတတ်တယ်။ Yibo ကို မြင်နေတဲ့အချိန်မှာတော့ သေချာပေါက် လက်ရှိအခြေအနေကို သိထားတာပေါ့။ ဒါပေမယ့် ခုလို အိပ်ရာနိုးခါစအချိန်မျိုးမှာ တွေ့လိုက်ရရင်တော့ သူနည်းနည်း ကြောင်တောင်တောင်ဖြစ်သွားတတ်တယ်။

Ending the BeginningWhere stories live. Discover now