Chapter 12

336 49 2
                                    

ဒါပေမယ့်လည်း Xiao Zhan ရဲ့ အကောင်းမြင်ဖို့ ကြိုးစားနေတဲ့ အစီအစဉ်က နောက်နေ့ညနေ Xeno ကိုပြန်ဖို့ ပြင်ဆင်တဲ့အချိန်မှာပဲ ပျက်သွားခဲ့တယ်။ Bai An က လက်ဆောင်အိတ်နှစ်ခုနဲ့အတူ သူ့ကို စောင့်နေခဲ့တာ။

"ခြံတံခါးမှာ ချိတ်ထားတာတွေ့လို့ ယူလာခဲ့တာ ဆရာ Xiao။ နာမည်ရေးထားတော့ မတွေ့မိဘူး"

Bai An က သူ့ကို လှလှပပထုပ်ပိုးထားတဲ့ စက္ကူအိတ်နှစ်အိတ်ကို ကမ်းပေးရင်းနဲ့ ပြောတယ်။ Xiao Zhan က အဲဒီအချိန်ထိ စိတ်မရှုပ်သေးပါဘူး။ အမှန်တော့ ဘယ်သူပေးတာလဲ မသိတဲ့ ဒီလက်ဆောင်တွေကို မြင်မြင်ချင်း သူ့ရဲ့ တုံ့ပြန်မှုက အနည်းငယ် ပျော်သွားတာပါ။ လက်ဆောင်ရတာကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။ Xiao Zhan လည်း ကြိုက်ပါတယ်။ မသိတဲ့လူဆီကဆိုရင် လက်ခံရမှာ ဝန်လေးစရာကောင်းပေမယ့် အရင်ဆုံး ဖောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ Hong Li ရဲ့ October က နှင်းမကျသေးပေမယ့် ရာသီဥတုကတော့ အတော်အေးနေပြီ။ ဒါကြောင့် သူက အပြင်မှာ အချိန်မဖြုန်းဘဲ ကားထဲဝင်ပြီး လက်ဆောင်ဘူးကို ဖောက်တယ်။

"သွားကြမယ်"

            Bai An ကို ပြောပြီးတာနဲ့ Xiao Zhan က ပိုကြီးတဲ့ အိတ်ထဲက လက်ဆောင်ဗူးကို ထုတ်လိုက်တယ်။ ဒါပေမယ့် ချက်ချင်း မဖွင့်သေးဘဲ အထဲမှာ ဗုံးပါနိုင် မပါနိုင် စဉ်းစားလိုက်သေးတယ်။ သူ့ကို သေစေချင်လောက်တဲ့ထိ မုန်းနေတဲ့ ရန်သူမျိုးတော့ မရှိလောက်ပါဘူး။ သူက ရန်ဖြစ်ရတာလည်း ဝါသနာပါတဲ့လူမှ မဟုတ်ပဲ။ အသက် ၃၀ ကျော်နေလာပြီး ပထမဆုံး အပြင်းအထန်ဒဏ်ရာက 085 လည်ပင်းညှစ်ခဲ့တုန်းက တစ်ခုပဲ ရှိတယ်။ Xiao Zhan က သိပ်အများကြီး မတွေးတော့ဘဲ လက်ဆောင်ဗူးကို ဖွင့်လိုက်တယ်။ သူ့ မြင်ကွင်းထဲ ပထမဆုံး ပေါ်လာတာက တည်ငြိမ်လေးနက်ပြီး ထင်ရှားတဲ့ royal blue အရောင်ပဲ။ အဲဒီနောက်မှာတော့ ဒီအရောင်ရှိတဲ့ ပစ္စည်းကို  Xiao Zhan သဲသဲကွဲကွဲမြင်လိုက်ရတယ်။ လှပတဲ့ လက်ဆောင်ဗူးထဲမှာ ခန့်ညားစွာ ရှိနေတာက ဒေါက်ဖိနပ်တစ်ရံ။ သူ့ကို ပိုးသားနဲ့ ချုပ်ထားတာဖြစ်ပြီး အနားသတ်မှာတော့ ရွှေချည်မျှင်လေးတွေကို ပုံဖော်ပြီး ထိုးယက်ထားတယ်။ Toe box ပေါ်မှာ ပိုးသားအရောင်နဲ့ဆင်တူ ဇာဖဲပွင့်တစ်ခုရှိပြီး အလယ်တည့်တည့်မှာ ကျောက်တစ်လုံးကို စိန်ပွင့်လေးတွေ ခြံရံပြီး မြုပ်ထားတယ်။ ဖဲပွင့်က ဒီတစ်ခုတည်း မဟုတ်ပါဘူး။ နောက်ပိတ်မှာလည်း ရှေ့က တစ်ခုထက် ပိုကြီးတဲ့ ဖဲဖွင့်ကို ပုလဲကြိုးတန်းလန်းနဲ့ တွေ့ရတယ်။ ဒီအတိုင်းနေရင်တော့ သူက အင်မတန်ကျက်သရေရှိတဲ့ ဖိနပ်လေးပါပဲ။ ဒါပေမယ့် ဒါက သူ့အတွက် ရည်ရွယ်ထားတာလို့ တွေးလိုက်တဲ့အခါမှာတော့ Xiao Zhan က သူ့ရဲ့ အလှကို မခံစားနိုင်ဖြစ်သွားတယ်။ သူ ချက်ချင်းပဲ ကားတံခါးဆွဲဖွင့်ပြီး လွှင့်ပစ်ချင်စိတ်တွေ ပေါ်လာတော့တာပဲ။

Ending the BeginningWhere stories live. Discover now