Chapter 5

1.6K 217 37
                                    

(Unicode)

"ကျောင်းသားတို့"

Xiao Zhan ရဲ့ ခေါ်သံအောက်မှာ ခုနက လူငယ်အချို့ သူ့ဘက်လှည့်ကြည့်လာကြတယ်။ Xiao Zhan ကို မမြင်ခင်မှာတော့ ဒီလူငယ်တစ်သိုက်ဟာ သူတို့ကိစ္စကို ဝင်ရှုပ်တဲ့ တစ်စုံတစ်ယောက်ကို ပညာပေးဖို့, အနည်းဆုံးတော့ ဆူဟောက်တာပဲ ဖြစ်ဖြစ်လုပ်ဖို့ စဉ်းစားထားခဲ့ကြတာ။ မဆိုင်တာကို ဝင်ပါတတ်ကြတဲ့ အချို့ ဦးလေးကြီးတွေက စိတ်ရှုပ်ဖို့ ကောင်းတယ် မဟုတ်လား။

ဒါပေမယ့် Xiao Zhan နဲ့ မျက်နှာချင်းဆိုင်မိတဲ့ခဏမှာပဲ ခုနကအတွေးတွေ ပျောက်ကွယ်သွားရတယ်။ ဒီလူရဲ့ မျက်နှာက နူးညံ့ပြီး အင်မတန် ကြင်နာတတ်တဲ့ပုံပေါ်တာပဲ။ သူ့ရှေ့မှာ မကောင်းတာတစ်ခုခု လုပ်လိုက်မိရင် ကိုယ့်ကိုယ်ကို ပြန်ပြီး ရှက်စိတ်ဝင်လာအောင် လုပ်နိုင်တဲ့သူမျိုး။ အမှန်တော့ ဒီအုပ်စုက At-Risk အဆင့်ရောက်နေကြတာ မဟုတ်လို့ Xiao Zhan လို လူက လာတားရင် ရွဲ့ပြီး ရှေ့ဆက်တိုးတာမျိုးတော့ လုပ်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် အချို့ကိစ္စတွေကို ရုပ်ရည်နဲ့ တားလို့မှ မရပဲ။ ဒီလိုဆို ရဲတွေက "ကျွန်တော့်မျက်နှာကို သဘောကျရင် မကောင်းမှုတွေ မလုပ်ကြပါနဲ့ခင်ဗျာ" လို့ပဲ ပြောနေကြမှာပေါ့။ ဒါကြောင့် ဒီအုပ်စုကို တားဆီးနိုင်တဲ့ အဓိက အရာက Xiao Zhan ရဲ့ အပြင်အဆင်ပဲ။ ဒီဖိနပ်, ဒီဝတ်စုံ, ဒီနာရီ, ဒီလူရဲ့ အသုံးအဆောင်ပစ္စည်း အားလုံးက  Rich Rich Richhhhhhh! ဆိုပြီး အော်ဟစ်နေကြတယ်။ ဒါက ကျောင်းမှာ သူတို့ဟောက်လိုက်ရင် လန့်သွားကြတဲ့ ဆရာတွေနဲ့ ကွာတဲ့အချက်ပဲ။ ဒီလူနဲ့ သွားရှုပ်မိရင် ကိစ္စတွေက လွယ်လွယ်နဲ့ ပြီးမှာ မဟုတ်ဘူးလို့ ခံစားရတယ်။

Xiao Zhan ကတော့ သူ့ရှေ့က ဆယ်ကျော်သက်လူငယ်တွေရဲ့ ရှုပ်ထွေးတဲ့ စဉ်းစားခြင်း process ကို မသိလိုက်ဘူး။ ဒီအတိုင်းပဲ ရှေ့ကို ဆက်လျှောက်လာတယ်။

"ဒါ မင်းတို့ရဲ့ Mocon လား။ ကျွန်တော့်ကို ပြန်ရောင်းပေးလို့ရမလား"

ကျောင်းသားတွေက တစ်ယောက်နဲ့တစ်ယောက် အကြည့်နဲ့ စကားပြောလိုက်ကြတယ်။ ဒီလိုချမ်းသာပြီး ကြည့်ကောင်းတဲ့ ဦးလေးက ဘာလို့ ဒီစက်ရုပ်အစုတ်အပြတ်ကို လိုချင်ရတာလဲ။

Ending the BeginningWhere stories live. Discover now