Chapter 8

752 86 8
                                    

(Unicode)

Bai An က အပြင်မှာ နေ့လယ်စာ စားပြီး ညနေမှ Lab ကို ပြန်ရောက်လာတယ်။ သူနဲ့အတူ Xiao Zhan မှာထားတဲ့ ပစ္စည်းတွေပါ သယ်ဆောင်လာပြီးတော့။ အဲဒီအထဲမှာ Mocon လေးလည်းပါတယ်။

"မင်း တနင်္လာထိပါ အနားယူလိုက်။ ဒီနေ့ တစ်နေ့လုံး မအားလိုက်ဘူး မဟုတ်လား"

Bai An ပြန်လာတဲ့အချိန်ဟာ Xiao Zhan မြေညီထပ်ကို တက်နေတဲ့ အချိန်နဲ့ ကိုက်နေတာမို့ Xiao Zhan က ကားပေါ်က ပစ္စည်းတွေ ချတာကို ကြည့်ရင်းနဲ့ Bai An ကို ၂ ရက် နားဖို့ ပြောတယ်။ Xiao Zhan မှာထားတဲ့ ပစ္စည်းတွေက စနေ နေ့မှ ရောက်မှာမို့ Bai An ကို စနေနေ့ သွားယူခိုင်းလိုက်တာ။ ဒီကိစ္စကြောင့် သူ့မှာ အားလပ်ရက်တစ်ရက် ကုန်သွားတယ်လေ။

Xiao Zhan စကားကို ကြားတော့ Bai An က ဝမ်းသာအားရလက်ခံတယ်။

"ကျေးဇူးတင်ပါတယ် ဆရာ Xiao"

"ဒါဆို ကျွန်တော် ဒီညပဲ ပြန်လိုက်တော့မယ်။ ဟိုကိစ္စက......"

Bai An က ဘေးဘီကြည့်တယ်။

"အခန်းထဲ သွားကြရအောင်"

နှစ်ယောက်သား ပစ္စည်းတွေနဲ့အတူ အောက်ထပ်ကို ဆင်းလာခဲ့တယ်။ ပစ္စည်းက သိပ်တော့ မများပါဘူး။ သူ အားတဲ့အချိန်မှာ Shopping site ကနေ စိတ်ကြိုက်ရွေးထားတဲ့ မှန်ဘောင်တစ်ချပ်ရယ် မှန်ဘောင်ထဲ ထည့်ဖို့ ဓာတ်ပုံတစ်ချပ်ရယ်, အခန်းထဲမှာ ထားဖို့ အလှဆင်ပစ္စည်း အချို့ရယ်ပါပဲ။ ဓာတ်ပုံကတော့ Wang အိမ်က သူ့အခန်းမှာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့ Yibo ပေးထားဖူးတဲ့ ဓာတ်ပုံပဲ။ မိသားစု Album တွေထဲက ပြန်ရှာပြီး အသစ်ထပ်ထုတ်လာခဲ့တာ။

Xiao Zhan ရဲ့ အခန်းကို သွားရင်းနဲ့ Bai An က သူလမ်းမှာ ကြုံခဲ့ရတာတွေကို ပြန်ပြီး ဖောက်သည်ချပေးတယ်။

"AAI ကြောင့် စက်ရုပ်တွေကို စွန့်ပစ်တာ ပိုများလာတယ် ဆရာ Xiao။ ဒီနေ့ လမ်းမှာ Free to Takeaway တွေ အများကြီး တွေ့ခဲ့တယ်"

သူ့စကားကို Xiao Zhan က ခဏ စဉ်းစားပြီး မှတ်ချက်ပေးတယ်။

"ကုပ္မဏီတွေတော့ အလုပ်ဖြစ်တော့မှာပဲ။ ဒီမျိုးဆက်က သူတို့ကို နေရာတိုင်းမှာ ကူညီပေးမယ့် စက်ရုပ်တွေနဲ့ နေသားကျနေပြီ"

Ending the BeginningWhere stories live. Discover now