Zawgyi
အပိုင်း(၁)ပထမပိုင်း
(နောက်ကမ္ဘာသစ်သို့ရောက်ရှိလာခြင်း)ချန်လီကုန်း ဒီခန္ဓာကိုယ်ထဲရောက်,ရောက်ချင်း စူးရှကျယ်လောင်လွန်းသည့်အော်သံတစ်ခုကို ကြားလိုက်ရသည်။
မျက်ခွံတွေကိုဖွင့်ကြည့်လိုက်မိတော့ သူ့ရှေ့တွင် အလျှံတငြီးငြီးတောက်လောင်နေသည့် မီးပုံကြီးတစ်ခုကိုမြင်လိုက်ရ၏။
ဒါ့အပြင် လူတစ်ယောက်ကို မီးပုံလည်ခေါင်မှာကြိုးတုပ်ထားလေရဲ့။
ချန်လီကုန်းမှာ မီးတောက်တွေဝါးမြိုခံနေရတဲ့ အမျိုးသားကိုကြည့်ပြီး သူ့အရေပြားတွေပါ မီးမြိုက်ခံရလို့ပူချစ်လာသယောင် ခံစားလာရတော့သည်။ထိုမြင်ကွင်းကိုမြင်ပြီး ချန်လီကုန်းခဗျာ ခေါင်းမွှေးတွေထောင်ထလာပြီး သူ့system မည်မျှဒေါသထွက်နေသည်ကိုမှန်းဆနိုင်သွားတော့သည်။
”ထုန်အာရေ ငါလေးကို ပိုပြီးကြည့်ပျော်ရှုပျော်ရှိတဲ့မြင်ကွင်းလေးဆီပြောင်းပေးလို့မရဘူးလားကွာ?”Systemကအေးစက်စက်ပြန်ဖြေ၏။
”ကြမ်းမှ ကြိုက်တယ်ပြောတာမင်းဘဲလေ”ချန်လီကုန်း:”......”
ဖိအားပေးခံရသလိုဟန်ဆောင်မိမှတော့ နောက်ဆုံးဒူးထောက်ရတဲ့အထိဆက်ပြီးဟန်ဆောင်ရတော့မှာဘဲ...Systemက နုနယ်လှသည့်ချန်လီကုန်းလေး ဤသို့သောအကြမ်းပတမ်းမြင်ကွင်းမျိုးကို ခံနိုင်ရည်ရှိပါ့မလားဆိုတာနည်းနည်းလေးမှမစိုးရိမ်ဘဲ ခပ်အေးအေးပြောလာသည်။
”မှတ်ဥာဏ်တွေလက်ခံဖို့ပြင်ထားတော့”ချန်လီကုန်းရဲ့နှလုံးသားလေးမှာ ငိုကြွေးသွားတော့သည်။
”ဖြည်းဖြည်းလုပ်ပါနော်။ ဒီတစ်ယောက်က နာကျင်ရမှာကြောက်တယ်လို့”System: ”......”
Systemကသူ့ကိုအဖက်မလုပ်တော့တာကြောင့် ချန်လီကုန်းလဲ မျက်လုံးမှိတ်ပြီး ဇာတ်ကြောင်းကိုလက်ခံလိုက်တော့သည်။
ယခုသူရောက်နေသည့် ကမ္ဘာကြီးက အနောက်တိုင်းယဉ်ကျေးမှုကိုနောက်ခံထားသည့် ကမ္ဘာကြီးဖြစ်သည်။
ဒီကမ္ဘာကြီးမှာ အနောက်တိုင်းစိတ်ကူးယဉ်ဝတ္ထုတွေထဲကလို ဓားသူရဲကောင်းတွေ၊မှော်ဆရာတွေနဲ့ တခြားသောပညာရှင်တွေလဲရှိကြလေတယ်။
ဒါ့အပြင် ချန်လီကုန်း အခုဝင်ထားတဲ့ခန္ဓာကိုယ်က ဘုရားကျောင်း၏သူတော်စင်တစ်ဦးဖြစ်ကာ ထိပ်တန်းမှော်ဆရာတွေထဲက တစ်ယောက်ဖြစ်သည်။

KAMU SEDANG MEMBACA
သူတော်စင်နှင့်နတ်ဆိုးဘုရင် [မြန်မာ ဘာသာပြန်]
Fiksi SejarahPerfect destiny၏ arc 8ကိုဘာသာပြန်ဆိုခြင်းဖြစ်သည်။ >