Chapter (1.2)

3.2K 508 55
                                    

Zawgyi

အပိုင်း(၁)ဒုတိယပိုင်း
(နောက်ကမ္ဘာသစ်သို့ရောက်ရှိလာခြင်း)

ထိုနေ့က လူတိုင်း တောအုပ်ကိုဖြတ်ဖို့အလျင်လိုနေခဲ့တာဖြစ်သည်။
သူတို့ တောအုပ်ကိုဖြတ်နေစဉ်မှာဘဲ တရှဲရှဲမြည်သံများက ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။

ယူရီရယ်က တခြားသူများနှင့်ယှဉ်လျှင် အတွေ့အကြုံပိုရှိသည်မို့ ဤအသံနောက်ကွယ်တွင် နတ်ဆိုးသားရဲတစ်ကောင်ရှိလိမ့်မည်ဟု ပထမဆုံးထောက်ပြလာခဲ့သည်။
သို့ပေမယ့် သူ့အမူအရာက အနည်းငယ်ထူးဆန်းလို့နေသည်။
သူကဆိုသည်။
"သူတော်စင်အရှင် ဒီမှာနေခဲ့ပြီး ကျွန်တော်တို့စောင့်နေပေးပါ။ဒီကိစ္စကို ကျွန်တော်တို့ဘဲဖြေရှင်းလိုက်ပါ့မယ်"

ချန်လီကုန်းက အနည်းငယ်အံ့သြသွားရသော်ငြား ငြင်းဆန်လိုက်သည်။
"ကျွန်တော်ပါ လိုက်ခဲ့မယ်"

ယူရီရယ်ရဲ့အမူအရာက ရှုပ်ထွေးလို့သွားတော့သည်။
"ဒါက……"

"ဘာမှားနေလို့လဲ?"
ချန်လီကုန်း ဒီလိုမေးလိုက်တဲ့အခါ သူ့ဘေးက သူရဲကောင်းတွေရဲ့အမူအယာများမှာ အနည်းငယ်ပျက်ယွင်းသွားကြတော့သည်။ တစ်ယောက်ဆိုရင် အတော်လေး မျက်နှာပျက်သွားလေရဲ့။

ယူရီရယ်က ဤသူတော်စင်လေးကို ဘယ်လိုရှင်းပြရမလဲမသိတာကြောင့် ကူကယ်ရာမဲ့စွာနဲ့သဘောတူလိုက်ရတော့သည်။
"ကောင်းပါပြီ။ဒါပေမယ့်.....ဒီနတ်ဆိုးသားရဲက...နည်းနည်းတော့ထူးခြားနေလိမ့်မယ်"

ချန်လီကုန်းမှာ ယူရီရယ်နဲ့တခြားသူရဲကောင်းတွေ ဘာကြောင့် ဒီလိုပြုမူနေရသလဲဆိုတာ နားမလည်နိုင်ခဲ့ပေ။
နောက်ဆုံး ထိုနတ်ဆိုးသားရဲ၏ပုံသဏ္ဍာန်ကိုကိုယ်တိုင်မြင်တွေ့လိုက်ရပါမှ သူရဲကောင်းတွေမျက်နှာပျက်သွားရသည့်အကြောင်းရင်းကို နားလည်သွားတော့သည်။

ဘာ့ကြောင့်ဆို....ထိုနတ်ဆိုးသားရဲ၏ပုံသဏ္ဍာန်က အရမ်း...အရမ်းကို...အဝါရောင်*ဆန်လွန်းနေ၏။

မြောက်မြားစွာသောနွယ်ပင်လက်တံတွေက အမျိုးသားတစ်ဦးကိုရစ်ပတ်ချုပ်နှောင်ထားပြီး လေထဲတွင်တွဲလောင်းဆွဲထားလေသည်။
ထိုအမျိုးသားရဲ့မျက်ဝန်းတွေကပွင့်နေသော်လည်း အသိစိတ်ကင်းမဲ့နေဟန်ရသည်။
ဒွိဟဖြစ်စေဖွယ် တစွပ်စွပ်အသံများနှင့် ရံဖန်ရံခါထွက်ပေါ်လာသည့် ညည်းညူ သံတို့ကြောင့် systemတစ်ခုနှင့်လူတစ်ယောက်မှာ လေအေးများကိုရှူသွင်းမိသွားတော့သည်။

သူတော်စင်နှင့်နတ်ဆိုးဘုရင် [မြန်မာ ဘာသာပြန်]Where stories live. Discover now