Chapter (7)

3K 437 26
                                    

Zawgyi

အပိုင်း(၇)ပထမပိုင်း
(နှစ်သစ်ကူးပွဲတော်)

အိန်ဂျယ်လ်သည် စင်မြင့်ထက်တွင် အလင်းနတ်ဘုရားကိုတိုင်တည်၍ ကျမ်းသစ္စာရွတ်ဖတ်နေသည်။

ကောင်းကင်မှရွှေရောင်အလင်းတန်းများက သူမ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်းရစ်ပတ်လာခဲ့သည်။ထိုအလင်းတန်းများက မိုက်ကယ်လ့်ကိုပတ်ထွေးခဲ့ဖူးသည့်အလင်းတန်းများနှယ် နူးညံ့လှပေသည်။
သို့သော် သူမ၏ ရွှေဖြူရောင်ဆံနွယ်၊မြစိမ်းရောင်မျက်လုံးတို့နှင့်ယှဉ်လိုက်လျှင် သန့်စင်မြင့်မြတ်သည့်အလင်းတန်းများမှာ မှိန်ဖျော့လို့သွားတော့သည်။

အိန်ဂျယ်လ်က ကျမ်းသစ္စာကိုခပ်မြန်မြန်ရွတ်ဆိုလိုက်ပြီး ပုပ်ရဟန်းမင်းကြီးတစ်ပါး၏အဆောင်အယောင်ဖြစ်သည့် ရာဇကျိုင်းတံကိုကောက်ယူရန် ကိုယ်ကိုငုံ့လိုက်သည်။ သူမတစ်ကိုယ်လုံးကိုအလင်းရောင်များဖြင့်ဖုံးလွှမ်းထားပြီး အခြားသူများကအလင်းရောင်လျှံများကိုသာမြင်နိုင်သော်လည်း မိုက်ကယ်လ်ကတော့ ရောင်လျှံများထဲမှအိန်ဂျယ်လ်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။

မြင့်မြတ်သည့်ရောင်လျှံစက်ဝန်းအလယ်မှ သူမ၏အမူအယာသည် အလွန်တရာအေးစက်လို့နေသည်။သူမ၏မျက်ဝန်းအိမ်ထဲပြည့်နှက်နေသည်များက အလင်းနတ်ဘုရားအပေါ်ဆည်းကပ်သက်ဝင်မှုမဟုတ်လေဘဲ ဥပေက္ခာပြု ခြင်းသာ ဖြစ်သည်။

သူမမျက်လုံးထဲတွင် ထေ့ငေါ့ချင်သည့်အရိပ်အယောင်အနည်းငယ်ကိုပင် ရှိနေ၏---သူမကိုလေးစားဆည်းကပ်သူများကို ဂရုမစိုက်သည့်ပုံပင်။

၎င်းကိုမြင်ပြီး မိုက်ကယ်လ်၏နှလုံးသားမှာ နစ်မွန်းတုန်လှုပ်သွားတော့သည်။

လူငယ်လေးရဲ့ဘေးမှာရပ်နေသည့် လူစီဖာက သိမ်မွေ့စွာပြုံးလိုက်သည်။
သူက နတ်ဆိုးတစ်ပါးဖြစ်တာကြောင့် လူသားတွေရဲ့ စိတ်နှလုံးအတွင်းကိန်းဝတ်နေသည့် မကောင်းသည့်အတွေးဆန္ဒများကိုအလွယ်တကူအာရုံခံနိုင်လေသည်။
"အလင်းနတ်ဘုရားအပေါ် ယုံကြည်သက်ဝင်မှုမရှိတဲ့ ပုပ်ရဟန်းမင်းကြီး...ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်သလဲ"

သူတော်စင်နှင့်နတ်ဆိုးဘုရင် [မြန်မာ ဘာသာပြန်]Where stories live. Discover now