Chapter (3)

2.9K 427 50
                                    

Zawgyi

အပိုင်း(၃)ပထမပိုင်း
(နန်းတက်ပွဲ)

တောအုပ်ထဲခေါ်သွားခံလိုက်ရသည့် ချန်လီကုန်းမှာ သူ၏ချစ်စဖွယ်သီလရှင်လေးက ပြန်လမ်းမရှိတဲ့အမှောင်လမ်းပေါ်ရောက်သွားတာမသိလိုက်ပေ။

ယူရီရယ်က သူတော်စင်လေးကို တောအုပ်အတွင်း တစ်နေရာသို့ထမ်းခေါ်လာပြီးမှ မြေပြင်ပေါ်ချပေးလိုက်လေသည်။
ပြီးနောက် သူ့လက်ညိုးနဲ့ သူတော်စင်လေးရဲ့လက်ဖဝါးပေါ်မှာ စကားလုံးအချို့ရေးပြလိုက်၏။

ယူရီရယ်၏လုပ်ရပ်က 'တစ်စုံတစ်ရာ'ကိုမျှော်လင့်စောင့်စားနေခဲ့သည့် ချန်လီကုန်းအတွက် ခေါင်းပေါ်ကနေ ရေအေးတစ်ပုံးလောင်းချခံလိုက်ရသလိုဖြစ်သွားစေသည်။
'အိုက်ယား ငါလေး အတွေးလွန်နေမိတာဘဲ'

ယူရီရယ်က သူတော်စင်လေးရဲ့လက်ဖဝါးပေါ်မှာ [သူရဲကောင်းအုပ်စုက စိတ်မချရဘူး]ဟု စာရေးပြလိုက်သည်။
သူအဖွဲ့ထဲမှာ ပုပ်ရဟန်းမင်းကြီးသေဆုံးပြီးနောက် သူတော်စင်လေးရှိနေတဲ့တည်နေရာကိုပေါက်ကြားစေခဲ့သည့် လူအချို့ရှိနေသည်ဟု သံသယဝင်နေမိသည်။

သူတော်စင်လေးကမျက်မှောင်ကြုပ်လိုက်ပြီး အသံလုံစေသည့်အစီအရင်တစ်ခုဖန်တီးလိုက်သည်။

ထိုမှသာ ယူရီရယ်က အသံထွက်ပြီးပြောတော့သည်။
"သူတော်စင်အရှင် ဖြစ်နိုင်ရင် တခြားလမ်းကြောင်းကနေ တိတ်တဆိတ်ခရီးဆက်ဖို့အကြံပေးချင်ပါတယ်...အရှင် ကျွန်တော့်ကိုယုံကြည်ရင်ပေါ့"

သူတော်စင်လေးက အတန်ကြာတိတ်နေပြီးမှ မေးလာသည်။
"သစ္စာဖောက်က ဘယ်သူလဲ?"

"ကျွန်တော်မသိဘူး...ဒါကလဲ ကျွန်တော့်သံသယသက်သက်ပါဘဲ"
သူ့ပင်ကိုယ်ဗီဇက လူ့ခံစားချက်တွေနဲ့ပတ်သက်ရင် နိုးကြားထက်မြက်လေ့ရှိတာကြောင့် ပုပ်ရဟန်းမင်းကြီးဆုံးပါးသည့်သတင်းရတာနဲ့ သူရဲကောင်းအချို့သဘောထားပြောင်းလဲသွားသည်ကို သတိထားမိလေသည်။

"ငါ မင်းကိုယုံကြည်လို့ရနိုင်မလား?"
ချန်လီကုန်းက မေးစေ့ကိုအနည်းငယ်ပင့်ထားပြီး အေးစက်စက်မေးလိုက်သည်။

ယူရီရယ်က သူတော်စင်လေးကိုကြည့်လိုက်မိသည်။
သူ့ နှလုံးသားကစိတ်လှုပ်ရှားမှုကြောင့် ပြင်းထန်စွာခုန်ပေါက်လို့နေ၏။
သူ သူတော်စင်လေးရဲ့မျက်နှာကိုစေ့စေ့ကြည့်ရင်း ဒူးတစ်ဖက်ထောက်ချလိုက်သည်။
ပြီးနောက် သူ့ရဲ့ဓားနဲ့ သူ့လက်ဖဝါးပေါ်မှာပြတ်ရှဒဏ်ရာတစ်ခုဖြစ်စေ၍ သွေးကိုနှုတ်ခမ်းဖြင့်တေ့ပြီးသွေးသစ္စာကျိန်ဆိုလိုက်၏။

သူတော်စင်နှင့်နတ်ဆိုးဘုရင် [မြန်မာ ဘာသာပြန်]Où les histoires vivent. Découvrez maintenant