Chapter (7.2)

3.2K 401 62
                                    

Zawgyi

အပိုင်း(၇)ဒုတိယပိုင်း
(နှစ်သစ်ကူးပွဲတော်)

လူစီဖာက မိုက်ကယ်လ်ရှိသည့် အဆောက်အအုံတစ်ခုလုံးအပေါ်သို့ အကာအရံတစ်ခုဖြင့်အုပ်မိုးထားလေသည်။
မိုက်ကယ်လ်မှာ ထိုအဆောက်အဦအတွင်း လွတ်လွတ်လပ်လပ်လှည့်ပတ်သွားလာနိုင်သော်လည်း အပြင်ထွက်၍မရသလို အလင်းစွမ်းအင်ကိုလဲအသုံးပြု၍မရပေ။

"ကလေး...ထွက်ပြေးဖို့မကြိုးစားနဲ့။မဟုတ်ရင် မင်းနောင်တရလိမ့်မယ်"

သို့ပေမဲ့ မိုက်ကယ်လ်က နတ်ဆိုး၏စကားကိုမနာခံဘဲ အခွင့်အရေးတစ်ခုရှာ၍ ထွက်ပြေးဖို့ကြိုးစားခဲ့သည်။
ရလဒ်ကတော့....ထိုနတ်ဆိုးလက်ထဲပြန်ရောက်သွားပြီး ရူးသွပ်လုနီးပါးအလုပ်ခံရတော့သည်။

နတ်ဆိုးက လူငယ်လေးကို အတင်းအဓမ္မတောင်ပံများဖြန့်ထုတ်စေပြီး ဖြူလွလွငှက်မွှေးများစွာကို ဆွဲနှုတ်ယူကာ လူငယ်လေး၏ဖော်ပြခြင်းငှါမစွမ်းသာသည့်အစိတ်အပိုင်းထဲသို့ ထိုးထည့်လိုက်လေတယ်။
ထို့နောက် တောင်ပံချင်းထပ်ပြီး papapaကြတော့သည်။

....
ပထမဦးဆုံးအကြိမ်အဖြစ် ချန်လီကုန်းသည် စိတ်ပိုင်းဆိုင်ရာပြိုလဲသွားသည့်ခံစားချက်ကို သိရှိနားလည်သွားတော့သည်။
တစ်ချိန်က ထိုနတ်ဆိုးပြောခဲ့ဖူးသည့် 'သူ့အတောင်ပံတွေဟာ သူကိုယ်တိုင်၏သက်ဝင်ယုံကြည်မှု'ဆိုသည့်အပေါ် သက်သက်နောက်ပြောင်နေတာဟု ထင်ခဲ့ဖူးလေတယ်။ဒါပေမယ့် လက်တွေ့ကြုံတွေ့ပြီးတဲ့နောက်မှာတော့ ၎င်းသည် ရယ်စရာမဟုတ်ကြောင်း သဘောပေါက်သွားတော့၏။

နတ်ဆိုးပြောခဲ့သည်က သွေးထွက်အောင်မှန်ပေသည်။
သူ့ရဲ့ငှက်တောင်တွေ ကိုယ်ပိုင်ဂန္ဓမာပန်းလေးထဲသို့ဝင်ရောက်လာကြသည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ထူးဆန်းလာပြီး၊ သူ့ဝိညာဉ်မှာလည်း တစ်စုံတစ်ယောက်၏ လက်ဖြင့်မိမိရရအကိုင်ခံလိုက်ရသည့်နှယ်။

ခြုံပြောရပါက ချန်လီကုန်းမှာ သာယာမှုများကြောင့် ရူးသွပ်သွားလုမတတ်ပင်။
သက်ညှာပေးပါရန် မပြတ်တန်းအော်ဟစ်တောင်းပန်နေရတော့သည်။
ဒီတစ်ကြိမ်မှာတော့ လူစီဖာက ရပ်တန့်ပေးဖို့ရည်ရွယ်ချက်မရှိလေဘဲ ချန်လီကုန်း ခြေကုန်လက်ပန်းကျ၍အသိစိတ်လွတ်သွားသည့်အဖြစ်ကို မျက်နှာသေဖြင့်စောင့်ကြည့်နေခဲ့လေသည်။

သူတော်စင်နှင့်နတ်ဆိုးဘုရင် [မြန်မာ ဘာသာပြန်]Where stories live. Discover now