Zawgyi
အပိုင်း(၄)ပထမပိုင်း
(အခမ်းအနား)ချန်လီကုန်း ကျမ်းသစ္စာကျိန်ဆိုလေလေ သူ့ခြေထောက်ပေါ်မှ အေးစက်စက်ခံစားချက်ကြီးက ပို၍သိသာလာလေ ဖြစ်သည်။
ပို၍ထိတ်လန့်စရာကောင်းသည်က ထိုအေးစက်စက်ခံစားချက်ထဲတွင် အမှောင်ထုအငွေ့အသက်များရောယှက်နေခြင်းပင်---ထိုအရာက သူ့ခြေထောက်များဆီမှ တစ်ကိုယ်လုံးသို့ပြန့်နှံ့သွားတော့သည်။
အရင်ပုပ်ရဟန်းမင်းကြီး,မဆုံးပါးခင်က မိုက်ကယ်လ်ကို ပုပ်ရဟန်းမင်းကြီးတစ်ပါး၏အဆောင်အယောင်ဖြစ်သည့် ရာဇကျိုင်းတံကို လက်ခံရသည့်အခါ အလွန်သက်တောင့်သက်သာရှိလိမ့်မည်ဟု ပြောပြခဲ့ဖူးသည်။
အလင်းနတ်ဘုရား၏သိမ်မွေ့နွေးထွေးသည့်ရောင်ခြည်တော်က သူတော်စင်ရဲ့တစ်ကိုယ်လုံးကိုလွှမ်းခြုံလိုက်ပြီး အသစ်တစ်ဖန်ဖြစ်တည်လာသကဲ့သို့ တဖြည်းဖြည်းချင်းသန့်စင်ပေးသည်တဲ့။သို့ပေမဲ့ ချန်လီကုန်းမှာ သက်တောင့်သက်သာမရှိတဲ့အပြင် အေးသည်ထက် အေးစိမ့်လာကာ၊ အံတင်းတင်းကြိတ်ပြီး ခိုက်ခိုက်တုန်ချင်သည့်စိတ်ကိုအတင်းဖိနှိပ်ထားရလေသည်။
ထိုအမှောင်စွမ်းအင်က သူ့တစ်ကိုယ်လုံးကိုစိတ်ကြိုက်ရစ်ပတ်ပြီးမှ ခန္ဓာကိုယ်ထဲတိုးဝင်လာသည်။
ဒါ့အပြင် ထိုအမှောင်စွမ်းအင် တိုးဝင်လာတဲ့နေရာက အလွန်ရှက်ဖွယ်ကောင်းလေရဲ့---သူ့ကိုယ်ပေါ်ရှိ ဒွါရကိုးပေါက်တွင် မည်သည့်အပေါက်မျှ လွတ်ငြိမ်းချမ်းသာခွင့်မရခဲ့ပေ။သူ့တစ်ကိုယ်လုံး ရေခဲရိုက်ခံရသလို အေးစိမ့်တောင့်တင်းလာတာကြောင့် ချန်လီကုန်းမှာ မျက်ရည်များပင်ကျချင်လာတော့သည်။
”ဒါက ငါတို့သဘောတူထားတဲ့အထဲ မပါဘူးလေလို့!”System: ”....ဘယ်သူက မင်းနဲ့သဘောတူညီမှုလုပ်ထားလို့တုန်း? ”
”အဲ့သလိုဆိုရင် ဘာလို့ ငါ့နှာခေါင်းပေါက်လေးတွေကိုတောင် အလွတ်မပေးရတာလဲလို့!???”
ပူနွေးတဲ့အချစ်လေးတွေလို့ သူမျှော်လင့်ထားခဲ့ပေမယ့် အဲ့တာက နှင်းနဲ့ရေခဲတွေကိုဘဲထုတ်လွှတ်လိုက်တယ်တဲ့လေ။
(T/N-You know what he mean🌚?If you don't think BLACK!)

ANDA SEDANG MEMBACA
သူတော်စင်နှင့်နတ်ဆိုးဘုရင် [မြန်မာ ဘာသာပြန်]
Fiksyen SejarahPerfect destiny၏ arc 8ကိုဘာသာပြန်ဆိုခြင်းဖြစ်သည်။ >