[ Unicode ]
တစ်သီးတစ်ခြားတည်ရှိနေသောပတ်ခ်အိမ်တော်သည်တိတ်ဆိတ်နေသောပတ်ဝန်းကျင်အလယ်တွင်ခမ်းနားထည်ဝါစွာတည်ရှိနေသည်။ ထိုအိမ်တော်ရှိအခန်းများစွာအနက်အခန်းတစ်ခန်းမှ ကြင်ဦးစမဟုတ်သောသူတို့နှစ်ယောက်ရဲ့စကားများရန်ဖြစ်သံတွေကပတ်ဝန်းကျင်သတိထားမိနိုင်သည်အထိမကျယ်လောင်သော်လည်းထိုအိမ်ကြီးထဲတွင်တော့ပဲ့တင်ထပ်နေသည်...။
" ပြောစမ်းပါအုံး ကလေးတစ်ယောက်လုံးကိုအိမ်မှာထားခဲ့ပြီးအပျိုထွက်လုပ်နေတာတော်တော်မှပျော်ခဲ့ရဲ့လား "
" အွန်း အပြင်မထွက်ရတာကြာတော့နည်းနည်းတော့လန်းဆန်းသွားသလိုပဲ... "
" ဘာ! ဒါမင်းပြောရမယ့်စကားလား...။မှန်မှန်ပြောစမ်းမင်းဘယ်တွေသွားနေတာလဲ...? "
ခက်ထန်ထန်ပြန်ကြည့်လာတဲ့သူမမျက်နှာကတကယ်စိတ်တိုစရာကောင်းသည်။
" ကျွန်မဘယ်သွားလဲကအစလိုက်ပြောနေရအုံးမှာလား...ရှင်ဘယ်သွားလဲရောတစ်ခါမေးဖူးလို့လား "
" မမေးဖူးဘူး။အေး မေးစရာလည်းမလိုဘူး။ငါမဟုတ်တာဘာတစ်ခုမှမလုပ်ထားဘူး "
" ကျွန်မကရောအခုမဟုတ်တာလုပ်နေလို့လား "
" မင်းငါ့ကိုတစ်ခွန်းမကျန်အာမခံနဲ့...ဒီနေ့ကမင်းမှားတာ ဖုန်းမဆက်အကြောင်းမကြားဘဲအိမ်မှာကလေးကိုတစ်ယောက်တည်းပစ်ထားခဲ့တာ မင်းမှာမိခင်စိတ်မရှိတော့ဘူးလား "
သူပြောနေတာကိုဂရုမစိုက်သည့်အလား အဝတ်လဲပြီးခေါင်းအေးဆေးဖြီးနေသောကြောင့်စိတ်ကထိန်းမရတော့...။
လက်မောင်းကနေပြန်ဆွဲကာမျက်နှာချင်းပြန်ဆိုင်စေတော့မျက်မှောင်ကြုံ့ပြီးပြန်ကြည့်လာတဲ့သူမကဘာတွေကြောင့်အဲ့လောက်တောင်သတ္တိရှိနေရတာလဲ...။" မင်းမရှိရင်သားကမနေတတ်တာမင်းသိသားနဲ့ ကလေးကိုတစ်ယောက်တည်းထားခဲ့ရလား "
အာမခံပဲတိတ်နေတော့လည်းရန်ထပ်စနေတာ...တကယ်ပဲ သူဘာဖြစ်ချင်နေတာလဲ?
" တစ်ယောက်တည်းမထားခဲ့ပါဘူး ၊
အိမ်တော်ထိန်းလီနဲ့ထားခဲ့တာလေ သူကဘယ်ရောက်သွားလို့လဲ.. "
YOU ARE READING
《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]
Fanfiction" 𝑰'𝒎 𝒇𝒂𝒍𝒍𝒊𝒏𝒈 𝒂𝒈𝒂𝒊𝒏 ! " 𝙹𝙺𝚡𝙾𝚌𝐥𝐥𝙹𝙼𝚡𝙾𝚌 [ Unicode + Zawgyi ] ✰ 𝐌𝐲 𝐟𝐢𝐫𝐬𝐭 𝐟𝐢𝐜𝐭𝐢𝐨𝐧 ✰ 2021 𝐒𝐞𝐩 14 ➪➪➪ 2022 Nov 29