{ Unicode }
" ဂျောင်းကုအာ ပြန်လာပြီလား "
အိမ်အနီးနားကဦးလေးကြီးများစကားဝိုင်းဖောင်ဖွဲ့နေရင်းသူ့ကိုမြင်တာ့လှမ်းနှုတ်ဆက်လိုက်တာကြောင့် သူလည်းပြန်ပြုံးပြလိုက်ရင်း...
" ဟုတ်ကဲ့ဦးလေး ကျွန်တော်ပြန်ရောက်ပါပြီ "
ထိုထဲမှအရပ်ခပ်ရှည်ရှည်ရုပ်ဖြောင့်ဖြောင့်နဲ့လူလေးကြီးလီဆန်းဟွာကဝိုင်းမှထလာကာ...
" လူလေး မင်းကိုပြောစရာစကားရှိတယ် "
ကိုယ့်နားကပ်လာပြီးတိုးညှင်းစွာဆိုလာသောကြောင့်ကိစ္စတစ်ခုခုရှိနေပြီထင်သည်ဟုယူဆရသည်။
" ပြောပါ ဦးလေး ဘာကိစ္စများလဲ? "
" ဦးလေးပြောရမှာအားနာပေမယ့်.... "
သူကစကားကိုရစ်သီသီလုပ်ကာပြောသင့်မပြောသင့်စဥ်းစားနေပုံထောက်တာကြောင့်...
" ဘာအကြောင့်မို့လို့လဲ ဦးလေးရဲ့ "
" ဟိုလေ... ကလေးမလေးကိုနေ့လည်ကကောင်လေးတစ်ယောက်ကားနဲ့လိုက်ပို့တာတွေ့လိုက်တယ် ဦးလေးလည်းပြောပြရမလား မပြောပဲနေရမလားစဥ်းစားနေတာ... အဲ့ဒါ... "
ခုနကထိရည်ရည်မွန်မွန်နဲ့ကလေးဟာအခုမျက်နှာပျက်သွားတာကိုသူရိပ်မိပါတယ်၊သူစကားဆက်ဖို့ပြင်လိုက်ပေမယ့်အချိန်မမှီတော့ပါ...။
" ဦးလေးလူမှားနေပြီပဲ ကျွန်တော့်ကောင်မလေးမှာအဲ့လိုအကျင့်မရှိဘူး
တကယ်လို့လိုက်ပို့တယ်ဆိုရင်တောင်သူ့မှာအကြောင်းတစ်ခုခုရှိလို့နေမှာပါ... "" လူလေးစိတ်ဆိုးမယ်ဆိုတာကို ဦးလေးနားလည်ပါတယ် ဒါပေမယ့် ကလေးမကိုအရင်နေ့တွေကလည်းတစ်ယောက်ပြီးတစ်ယောက်လိုက်ပို့နေတာ... "
" အခုလိုပြောပြပေးလို့ကျေးဇူးပါ ဒါပေမယ့်ဦးလေးအထင်မှားနေတာပါ သူ့ကိုဦးလေးစိတ်ပူစရာမလိုပါဘူး ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါအုံး "
ချာခနဲလှည့်ထွက်သွားတဲ့ကောင်လေးကြောင့်သူသက်ပြင်းချမိသည်။
အင်း...ဒီကလေးငါပြောတာမယုံဘူးပဲ...၊
လူလေးကံကောင်းပါစေကွယ်။
YOU ARE READING
《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]
Fanfic" 𝑰'𝒎 𝒇𝒂𝒍𝒍𝒊𝒏𝒈 𝒂𝒈𝒂𝒊𝒏 ! " 𝙹𝙺𝚡𝙾𝚌𝐥𝐥𝙹𝙼𝚡𝙾𝚌 [ Unicode + Zawgyi ] ✰ 𝐌𝐲 𝐟𝐢𝐫𝐬𝐭 𝐟𝐢𝐜𝐭𝐢𝐨𝐧 ✰ 2021 𝐒𝐞𝐩 14 ➪➪➪ 2022 Nov 29