15▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-9»»»

578 72 19
                                    

{Unicode}

"နာအွန်းရေ ဒီနေ့နင့်နာမည်နဲ့ပန်းစည်းငါ့အိမ်ရောက်လာတယ်"

"ဟင်! ဟုတ်လား? ဘယ်သူပါလိမ့် နာမည်ရေးထားလား"

"နာမည်က...မတွေ့ဘူးဟ နင့်နာမည်ကတ်လေးပဲပါတယ် ငါနင့်ဆီပြန်ပို့ပေးရမလား"

"အေးသူငယ်ချင်း နင်အဆင်ပြေရင်ကူညီပါနော်"

"အေးအေး ငါပို့ခိုင်းလိုက်မယ်"

"ကျေးဇူးပဲနော် မီ​ယောင်း"

"အေးပါ ရတယ် ဒါပဲနော်သူငယ်ချင်း"

ပန်းစည်း~ မီယောင်းတို့အိမ်ကိုရောက်တယ်ဆိုတော့ဂျောင်းကုပဲဖြစ်လောက်တယ်
အနှောက်ယှက်ဖြစ်မှာစိုးလို့ထင်တယ် ဖုန်းလည်းမခေါ် စာလည်းမပို့ဘူး။ကိုယ်တောင်
သူ မရှိဘဲနေနိုင်နေပြီမို့သူလည်းအဲ့လိုဖြစ်လောက်ပြီထင်ထားတာ...သူကတော့မမေ့နိုင်သေးဘူးပဲ...၊ တစ်ချိန်တော့ သူလည်းကိုယ့်လိုပဲဖြစ်လာမှာပါ ...။

📳📳📳

တုန်ခါလာသောဖုန်းကြောင့်နာမည်မကြည့်လည်းတန်းသိတယ်၊ဒီအချိန်မှာဖုန်းခေါ်ခွင့်ရှိတဲ့တစ်ဦးတည်းသောလူသား...

"Hello ပြောပါ"

"ကလေး ကိုယ်တို့ခန်းမသွားကြည့်ရအောင်အဆင်သင့်ဖြစ်နေပြီတဲ့"

သူမသက်ပြင်းအနည်းငယ်ချမိသည်။ သူတကယ်ပဲနားမလည်တာလား၊ မသိချင်ယောင်ဆောင်နေတာလား...။

"Park jimin shi ကျွန်မစာမေးပွဲကနောက်တစ်ပတ်ဆိုတာရှင်သိပါတယ်နော် ကျွန်မ မအားသေးဘူး"

"အာ.... sorry ကလေး...ကိုယ်တစ်ယောက်တည်းသွားမကြည့်ချင်တာနဲ့ခေါ်လိုက်မိတယ် ပြီးတော့လက်ထပ်ပွဲကလည်းနီးပြီဆိုတော့လိုတာရှိရင်တစ်ခါတည်းပြင်ဆင်လို့ရအောင်ပါ"

"ကျွန်မဘက်ကဘယ်လိုပုံစံဖြစ်ဖြစ်အဆင်ပြေတာမို့ ရှင့်စိတ်ကြိုက်ပဲလုပ်လိုက်ပါရှင့် ကျွန်မလည်းစာမေးပွဲနီးနေပြီမို့လို့"

"အော်...အင်းပါ"

တိုးညှင်းသွားတဲ့သူ့လေသံကြောင့်စိတ်မကောင်းဖြစ်သွားမယ်ဆိုတာသိပါတယ် ဒါပေမယ့်စာမေးပွဲထက်တော့ဘယ်အရာမှဦးစားမပေးနိုင်ဘူး။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now