[ Unicode ]
ဒီနေ့ကျောင်းပိတ်ရက်မို့နှလုံးသားခေါ်ဆောင်ရာဂျီမင့်အိမ်ဆီသို့သူမရောက်လာခဲ့သည်။ခါတိုင်းလိုပဲဘဲလ်မတီးဘဲတံခါးလက်ကိုင်ကိုလှည့်လိုက်တော့တံခါးကလော့ချထားသည်။ပုံမှန်ဆိုတံခါးလော့ချရကောင်းမှန်းမသိတဲ့သူကဒီနေ့ထူးဆန်းလို့နေသည်။ဘဲလ်နှိပ်လိုက်ပြီးခဏစောင့်လိုက်တော့အထဲကနေတံခါးဖွင့်ပေးလာသည်။ဒီနေ့သူမူးမနေပါ....၊မူးနေရင်တောင်ဆွဲဆောင်မှုရှိတဲ့သူမချစ်ရသူကအခုလိုအချိန်ဆိုသူမသေမတတ်ကြွေဆင်းရပါသည်။ သူမကိုတွေ့တာနဲ့တံခါးပြန်ပိတ်ဖို့လုပ်လိုက်တာကြောင့်သူမလည်းရုတ်တရက်လက်ဝင်ခံမိလိုက်တော့တံခါးနဲ့လက်ညှပ်သွားလို့အော်ငိုလိုက်တော့မှသူတံခါးကိုပြန်ဖွင့်လိုက်သည်။
" ဒီမှာ မင်းရူးနေလား "
" ရူးနေတာဦးလေးကြီးလေ လူကိုတွေ့သားနဲ့တံခါးပြန်ပိတ်ရလားလို့ အဟင့်ဟင့် "
" မင်းကိုငါ့အိမ်အရိပ်တောင်မနင်းဖို့ငါပြောထားတယ်နော် ဒီထက်အဖြစ်မဆိုးချင်ရင်ငါ့အိမ်ထဲကနေအခုချက်ချင်းထွက်သွား... "
" ဦးလေးကြီးကိုချစ်တယ်လို့ဘယ်နှစ်ခါပြောရမလဲ "
" ဒီမယ်ကလေးမ ငါကအိမ်ထောင်သည်နော်၊ မင်းရုပ်ရည်လေးနဲ့ငါ့ထက်သာတာတွေရှာစမ်းပါ "
တကယ်ပါ၁၆နှစ်အရွယ်ကလေးမကသူမွေးရင်သူ့သမီးလောက်သာသာပဲရှိမည်၊သွက်လက်ပေါ့ပါးပြီးလူငယ်ဆန်တဲ့ကလေးမပေမယ့် သူဘယ်နည်းနဲ့မှအာရုံထဲမရှိပေ...။
" သူတို့တွေကိုမှမကြိုက်တာ...၊ပြီးတော့ဦးကအိမ်ထောင်သည်မဟုတ်ပါဘူး တစ်ခုလပ်ပါ "
" ဟက် မင်းကငါ့အကြောင်းကိုငါ့ထက်ပိုသိနေတာလား ၊ ငါကွာရှင်းစာချုပ်မှာလက်မှတ်မထိုးရသေးဘူး အဲ့စာချုပ်ကလည်းမရှိတော့ဘူး၊ အဲ့တော့ငါကအခုထက်ထိအိမ်ထောင်သည်ဖြစ်နေတုန်းပဲ....၊ "
" ဘာလို့အဲ့လိုသစ္စာမရှိတဲ့မိန်းမကိုပဲကပ်တွယ်နေရတာလဲ "
" မင်းသူ့ကိုမစော်ကားနဲ့! မင်းပါးစပ်ကနေသူ့ကိုစော်ကားခွင့်မရှိဘူး ။ပြီးတော့ မင်းကိုချစ်လာဖို့လည်းမကြိုးစားနဲ့ ... ၊ ငါဘယ်မိန်းမကိုမှနောက်ထပ်မချစ်တော့ဘူး... ၊ ငါ့လိုပိုင်ရှင်ရှိယောကျ်ားတစ်ယောက်အိမ်ကိုမကြောက်မရွံ့ဝင်ထွက်နေတဲ့မင်းကိုလည်းငါအထင်မကြီးဘူး၊ မင်းဆိုတာငါ့မျက်စိရှေ့ကဖုန်မှုန့်ထက်မပိုဘူး "
YOU ARE READING
《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]
Fanfic" 𝑰'𝒎 𝒇𝒂𝒍𝒍𝒊𝒏𝒈 𝒂𝒈𝒂𝒊𝒏 ! " 𝙹𝙺𝚡𝙾𝚌𝐥𝐥𝙹𝙼𝚡𝙾𝚌 [ Unicode + Zawgyi ] ✰ 𝐌𝐲 𝐟𝐢𝐫𝐬𝐭 𝐟𝐢𝐜𝐭𝐢𝐨𝐧 ✰ 2021 𝐒𝐞𝐩 14 ➪➪➪ 2022 Nov 29