20▪︎No more secrets

668 76 9
                                    

[Unicode]

တစ်စတစ်စနဲ့ဆူညံစွာအော်ဟစ်သံတွေကနားထဲအတင်းတိုးဝင်လာတာကြောင့်သူမလန့်နိုးလာခဲ့သည်။ဘေးကိုကြည့်တော့ဂျီမင်လည်းမရှိတော့...၊ ကိုယ်ပေါ်ကစောင်ကိုဖယ်ထုတ်ကာကလေးဆီပြေးလွှားသွားကာအခန်းတံခါးကိုဖွင့်လိုက်ခြင်းတွေ့လိုက်ရသည်ကသွေးပျက်စရာမြင်ကွင်းတစ်ခု...၊ အခုသူဘာလုပ်နေတာလဲ?အဖေကိုယ်တိုင်သားကိုသတ်ဖို့လုပ်နေတာလား...?

အဝေးကကြည့်ရင်တောင်ကလေးကိုချီထားတဲ့သူ့လက်တွေကကြမ်းတမ်းနေသည်ကိုသိနိုင်တာကြောင့်အသည်းတွေကြေမွမတတ်ဖြစ်နေတဲ့သူမ ကလေးကိုသူ့ဆီကဆွဲလုနေပေမယ့်တင်းကျပ်စွာကိုင်ထားသောသူ့လက်ကြောင့်ကြားထဲကကလေးနာကျင်မည်သူမစိုးရိမ်သည်။

" Ommaaa..."

ဂျောင်းဝူလေးကသုံးနှစ်ရှိပြီမို့ဖေဖေမေမေကတော့ကောင်းစွာခေါ်တတ်နေပြီဖြစ်သည်။

" ဂျောင်းကုရယ် သားကိုလွှတ်ပေးပါ သားလေးအရမ်းနာနေပြီ ကျွန်မတောင်းပန်ပါတယ် သားကိုကျွန်မဆီပြန်ပေးပါ "

နှုတ်ခမ်းပါးတွေတုန်ရီလျှက်မျက်ရည်များစီးကျကာဒူးထောက်ပြီးအသနားခံနေသောမိခင်ငယ်လေးကိုသူ မကြည့်ချင်ပေမယ့်သူမကခြိမ်းခြောက်ရုံနဲ့မရတော့သည်မို့လက်တွေ့လုပ်ပြရခြင်းပင်...။

" မင်း ငါ့ကိုမလေးစားတာတွေများနေပြီကင်မ်နာအွန်း ဘယ်လိုလဲ...မင်းအခုနာကျင်တတ်နေပြီမလား "

သွေးအေးရက်စက်စွာနဲ့စကားပြောနေတဲ့သူ...၊လက်ထဲကအသားတွေနီမြန်းနေအောင်အညှစ်ခံထားရတဲ့ကလေးကလည်းတရှိုက်ရှိုက်ငိုကာမိခင်ဖြစ်သူရဲ့ယုယုယယထွေးပွေ့မှုကိုလိုချင်နေရှာသည်။

" သားလေးကိုအရင်လွှတ်ပေးပါ ဂျောင်းဂုရယ် ကျွန်မတကယ်မခံစားနိုင်လို့ပါ...ကျေးဇူးပြုပြီး..."

ဒါရှင့်ရဲ့သားအရင်းပဲလို့အော်ဟစ်လိုက်ချင်ပေမယ့်သူသိလို့မဖြစ်သေးပေ...။

ကလေးကိုကုတင်ပေါ်ချကာဒူးထောက်တောင်းပန်နေတဲ့သူမလက်ကိုဆွဲထူလိုက်ပြီး ပါးနှစ်ဖက်ကိုလက်နဲ့ညှစ်ထားကာနောက်တစ်ဖက်နဲ့သူမခါးတွေကိုတင်းကျပ်စွာရစ်တွယ်လိုက်သည်။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now