10▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-4»»»

600 76 4
                                    

{Unicode}

လေပြေလေညင်းလေးတွေရိုက်ခတ်သွားတဲ့မျက်နှာပြင်တစ်လျှောက်ကခြောက်သွေ့ပြီးမျှော်လင့်ချက်မဲ့နေသည်။ဒီမနက်လည်းခြေထောက်ကသစ္စာမရှိစွာနဲ့သူမရှိရာဆိုင်သို့ခြေဦးလှည့်မိပြန်သည်။

ဒီနေ့ဆိုင်မှာထူးထူးဆန်းဆန်းနဲ့လူရှင်းနေသည်၊ခါတိုင်းဆို နေရာမရှိလို့ကိုယ်တောင်ကားပေါ်မှာထိုင်စောင့်နေရသေးတာ...။

" ဘာသုံးဆောင်ပါမလဲခင်ဗျ "

ကိုယ့်ကိုလာမေးတာသူမတော့မဟုတ်...၊ဘေးပတ်လည်ဝေ့ကြည့်တော့လည်းသူမကိုမတွေ့....

" ဟို ညီလေးအစ်ကိုတစ်ခုလောက်မေးချင်းလို့... ကင်မ်နာအွန်းကဒီနေ့ဆိုင်မလာဘူးလား "

" သြော် နာအွန်းနူနာလား... နူနာကအလုပ်ထွက်သွားပြီဗျ "

" ဪ...ဟုတ်လား...၊အဲ့ဒါဆို အစ်ကို့ကိုcolaပဲပေးပါ "

Latteကမင်းမျက်နှာလေးကြည့်ပြီးသောက်မှအရသာရှိတာ။ ကိုယ့်ရင်ထဲကအပူတွေကိုဒီအအေးကတောင်ငြိမ်းနိုင်ပါတော့မလား။မင်းကိုကိုယ်ထပ်တွေ့ချင်သေးတယ် ရည်စားရှိတဲ့ကလေးမကိုကိုယ်ပြစ်မှားနေမိပြီ ကလေးရယ်...၊မင်းနဲ့မနီးစပ်နိုင်တော့ပေမယ့်ဒီနာမ်စားလေးက မင်းအတွက်ထာဝရပါပဲကလေးငယ်...။

တီ!တီ!!!

" ဟေ့လူ ကားလာနေတယ်လေ "

ရုတ်တရက် လက်မောင်းကိုလှမ်းဆွဲလိုက်တဲ့လက်သေးသေးလေးကြောင့်သူ့အတွေးတွေအကုန်အဝေးသို့လွင့်စင်ကုန်သည်။

ဟူးးး တော်ပါသေးရဲ့သေတော့မလို့...၊

ဒီအသံလေးရင်းနှီးနေပါတယ်မှတ်တာလှည့်ကြည့်တော့သူမလေးဖြစ်နေတယ်။ကံကြမ္မာကသူတို့နှစ်ယောက်ကိုထပ်ဆုံစည်းစေတယ်တဲ့လား။

သူမနဲ့ဝေးနေတဲ့ကာလတစ်လျှောက်လုံးသူစိတ်နဲ့ကိုယ်မကပ်ဖြစ်နေခဲ့တာ... အခုလည်းလမ်းဖြတ်အကူးမှာသတိလက်လွတ်နဲ့မီးနီနေချိန်ဖြတ်ကူးတော့မလို့ကို သူမကသူ့ကိုကယ်တင်ပေးခဲ့တယ်။ သူ့ကိုအနာပေးလိုက်ဆေးပေးလိုက်လုပ်နေတဲ့သူမလေးကိုသူဘယ်လိုလက်လွှတ်နိုင်ပါ့မလဲ .... ။ ကံကြမ္မာကသူ့ကိုဒီကောင်မလေးနဲ့ပြန်တွေ့ခွင့်ပေးတာကိုပဲသူကျေးဇူးအရမ်းတင်နေမိသည်။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now