16▪︎𝐋𝐚𝐬𝐭 𝐩𝐚𝐬𝐭-10»»»

610 77 27
                                    

{Unicode}

အရှေ့ကကြည့်နေတဲ့စူးစူးရဲရဲမျက်လုံးတစ်စုံကြောင့်သူမသွေးရောင်ပျောက်လုဖြစ်နေပြီ။  သူမသိအောင်ထွက်သွားပါမယ်လို့တွေးထားပြီးကာမှတေ့တေ့ဆိုင်ဆိုင်ဘာလို့ဒီလိုလာတွေ့ရတာလဲ၊ နောက်ဆုံးရောက်နေတော့မှ ဘာလို့လဲ...ဘာလို့ဒီလိုဖြစ်ရတာလဲ ဘာလို့သူ့ကိုမြင်အောင်ပြရတာလဲ ...?

"ကလေး ငြိမ်နေပါလား နေမကောင်းဘူးလား"

ဘေးကကိုယ့်ကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်နေတဲ့သူကကိုယ်ဟန်ပျက်မှန်းသိနေပြီ၊ဘယ်လိုဖြေရှင်းချက်ပေးရပါ့...၊ရုတ်တရက်သူ့ဆီဖုန်းဝင်လာတာကြောင့်သူမသက်ပြင်းချမိသည်။ သူ့ရင်ခွင်ထဲကရုန်းထွက်မိခိုက်စူးစူးရဲရဲမျက်လုံးတစ်စုံနဲ့အကြည့်စုံမိတော့ သူမကဆောက်တည်ရာမရတော့ပေ ... ။

"ဘာ...!မင်းတို့အလုပ်ကိုသေချာမလုပ်ဘူးလား...၊ရှယ်ယာရှင်တွေဘာပြောသေးလဲ? အင်း ကြည့်စီစဥ်ထားလိုက် ငါအခုချက်ချင်းလာခဲ့မယ် တော်တော်အသုံးမကျတဲ့ကောင်တွေ..."

ဘာကိစ္စဖြစ်လို့လဲ! အခုချိန်မှာသူမတစ်ယောက်တည်းကျန်နေခဲ့ရမှာမလိုလားပေ...။စိုးရိမ်စိတ်အပြည့်နဲ့သူ့အဖြေကိုစောင့်နေမိသည်။
ဂျီမင်ကသက်ပြင်းအနည်းငယ်ချလိုက်ကာ...

"ဟင်းးး ကလေးနဲ့အတူအချိန်ကုန်ဖို့လုပ်ထားကာမှကွာ ကုပ္မဏီမှာပြဿနာတစ်ခုတက်နေလို့ကိုယ်ပြန်သွားရအုံးမယ် ကိုယ့်ကိုစိတ်မဆိုးနဲ့နော် ကိုယ်နောက်နေ့အချိန်သီးသန့်ပေးပါ့မယ်"

ထင်တဲ့အတိုင်းပါပဲ...၊ပတ်ဂျီမင်ကသူမအတွက်ကယ်တင်ရှင်လား...ရေနစ်သူဝါးကူထိုးတဲ့လူလားမသဲကွဲတော့ဘူး။
ခေါင်းပဲငြိမ့်ပြလိုက်တော့သူကသဘောကျပြီးခေါင်းလေးကိုပုတ်လာသည်။

"ကိုယ်ပြီးရင်ဖုန်းဆက်လိုက်မယ်နော်ကလေး...ပြွတ်စ်... ဂျောင်းဂုရှီ ကျွန်တော့်ကိုကုပ္မဏီအရင်ပို့ပေးပါ ပြီးမှသူမကိုcondoလိုက်ပို့ပေးလိုက်ပါ"

"Nae..."

ကုပ္မဏီရှေ့အရောက်ကားပေါ်ကဆင်းဖို့လုပ်နေတဲ့သူ့လက်ကိုအားကိုးရာအဖြစ်ဆုပ်ကိုင်လိုက်မိတယ်။ နောက်ပိုင်းဖြစ်လာမယ့်ကိစ္စတွေကိုရင်မဆိုင်ချင်သေးဘူး ကျွန်မကိုပါခေါ်သွားပေးလို့မရဘူးလား...။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now