4▪︎𝐇𝐞 𝐢𝐬 𝐧𝐨𝐭 𝐚𝐥𝐨𝐧𝐞!

782 85 12
                                    

[ Unicode ]

ကမ္ဘာအဆင့်မှီဆေးရုံတစ်ခုရဲ့VIPအခန်းတွင်ကုတင်ထက်သက်သာစွာလှဲလျောင်းနေသောဖြူဖျော့ဖျော့ကောင်မလေးတစ်ယောက်...။ပြတင်းပေါက်ဘက်ကိုတစောင်းလှဲကာသူမအတွေးထဲနေရာယူနေသည်ကဂျောင်းဂုဆိုတဲ့လူသားလေး...။ထိုအချိန်တိုက်ဆိုင်စွာပဲကြားလိုက်ရတဲ့သူ့အသံချိုချို...

" ဂျီယူရေ ကိုယ်ရောက်ပြီ "

" ဟယ် ကိုကိုရောက်လာပြီ ဂျီယူကကိုကို့ကို တစ်နေကုန်မျှော်နေတာ "

လက်ထဲပန်းစည်းနဲ့သစ်သီးခြင်းတွေကိုင်ထားတဲ့သူကိုမြင်တော့သူမပျော်ရွှင်စွာလက်ကိုဆန့်တန်းမိသည်။

လက်ထဲကပစ္စည်းများကိုစားပွဲပေါ်တင်ကာသူမရင်ခွင်သေးသေးလေးကိုပြန်ပွေ့ပိုက်လိုက်တော့သူမကသဘောကျစွာရယ်သည်။

" sorryပဲဂျီယူလေးရယ်ကိုကအခုမှလုပ်ငန်းခွင်ဝင်တဲ့လူဆိုတော့ အလုပ်တွေများနေလို့ပါ စိတ်မဆိုးနဲ့နော် "

" မဆိုးပါဘူးကိုကိုရဲ့ ဖေဖေကလည်းလေ တကယ်ပါပဲ ကိုကို့ကိုပဲအလုပ်တွေဖိခိုင်းနေတယ် ဟွန့် လာမှပြောအုံးမယ် "

" ကဲ စိတ်လျော့ပါangry birdလေးရယ် ဆန်ပြုတ်မသောက်ဘူးဆို လာ...ကိုကိုကိုယ်တိုင်တိုက်မယ်နော် "

ဘေးနားကခပ်နွေးနွေးရယ်သာရှိတော့တဲ့ဆံပြုတ်ပန်းကန်လေးကိုယူကာတစ်မနက်လုံးဘာမှမစားရသေးတဲ့ဂျီယူကိုဆူမိသည်။

" ကိုကို့ကိုနောက်တစ်ခါမစောင့်ရဘူးနော် ကိုကိုကနောက်ပိုင်းအလုပ်များတော့မှာ ဂျီယူလေးအစားပုံမှန်စားမှအားဖြစ်မှာလေ အားရှိမှကိုကိုနဲ့အကြာကြီးအတူနေရမှာပေါ့ ဟုတ်တယ်မလား "

သူခွန့်ကျွေးတဲ့ဆန်ပြုတ်ကိုသောက်ရင်းခေါင်းလေးတငြိမ့်ငြိမ့်နဲ့သာလုပ်နေတဲ့ကောင်မလေး...

လွန်ခဲ့တဲ့လေးနှစ်ကျော်က အချစ်ဆုံးချစ်သူရဲ့ထားခဲ့ခြင်းခံရလို့အရူးတပိုင်းဖြစ်ပြီးအိမ်ပြန်လမ်းပျောက်နေခဲ့တဲ့ဂျောင်းဂု....သူကားအက်စီးဒင့်တစ်ခုကိုမြင်ပြီးကယ်တင်ပေးခဲ့သည်။ ထိုလူကဘီလီလျံနာသူဋ္ဌေးတစ်ယောက်ဖြစ်နေခဲ့သည်။သူ့ရဲ့တစ်ဦးတည်းသောသမီးဂျီယူကသူ့ကိုမြင်မြင်းချင်းပဲသဘောကျသွားသည်။ ဂျီယူလေးကသူ့ထက်၁၀နှစ်လောက်ငယ်သော်လည်းသူမကသူ့ကိုအရမ်းသဘောကျနေတာကြောင့်အန်ကယ်စန်းကရောဂါသည်သမီးကိုစိတ်ချမ်းသာ​​​စေချင်ဇောနဲ့သူပိုင်ဆိုင်တဲ့လုပ်ငန်းရဲ့တစ်ဝက်ကိုသူ့​ကိုအပိုင်ပေးပြီးသူ့သမီးလူ့လောကမှာရှိသ၍ပျော်ရွှင်အောင်ထားခိုင်းသည်။အခုဆိုဂျီယူကသွေးကင်ဆာနောက်ဆုံးဆင့်အခြေနေရှိပြီဖြစ်သည်။သူကလည်းပိုက်ဆံဆိုတဲ့မျက်နှာတစ်ခုတည်းကိုကြည့်ပြီးကောင်မလေးကိုအချစ်တုတွေနဲ့သာဂရုစိုက်ပြသည်။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now