11▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-5»»»

529 69 6
                                    

{Unicode}

"ဘေဘီ ကိုယ်တော့လေ နေတောင်ပြန်မကောင်းချင်ဘူး"

ဆန်ပြုတ်သောက်နေရင်း နှုတ်ခမ်းဆူကာပြောနေတဲ့သူ့ကြောင့်သူမတွေဝေသွားရသည်။

"ဘယ်လိုစကားကြီးလဲဂျောင်းကုရဲ့"

"ဟုတ်တယ်လေ ကိုနေမကောင်းတော့ဘေဘီ့ရဲ့ဂရုစိုက်မှုတွေကိုခံရတယ်လေ နေကောင်းနေရင်ဘေဘီလေးကကိုယ့်အနားတောင်မကပ်ဘူး"

သူမအဲ့လိုဖြစ်ခဲ့တာလား...?အင်းလေ သူမကromanceticဆန်တာမျိုးလုပ်ရတာကိုစိတ်မှမဝင်စားတာ အမြဲတမ်းလည်းသူ့အနားကိုကပ်ဖို့စိတ်ကူးတောင်မရှိခဲ့ဘူး။

"နာအွန်းတောင်းပန်ပါတယ် ဒီထက်ပိုပြီးဂရုစိုက်ပေးခဲ့ရမှာကို"

"မဟုတ်တာ ကိုယ်ပြောတာအဲ့လိုသဘောမဟုတ်ပါဘူးဘေဘီရဲ့ ဘေဘီလည်းစာတွေလုပ်နေရတာလေ ကိုယ်နားလည်ပါတယ် အခု...ဘေဘီအရမ်းပင်ပန်းနေမှာပေါ့နော်
ကိုယ်ဒုက္ခပေးမိပြီထင်တယ်"

"အဲ့လိုမျိုးမတွေးပါနဲ့ ဖြစ်ချင်လို့ဖြစ်လာရတာမှမဟုတ်တာ...၊
ကို ဆန်ပြုတ်သောက်ပြီးပြီဆိုတော့ဆေးသောက်လိုက်အုံး ပြီးရင် အိပ်တော့နော်"

"ဘေဘီကလည်းအစောကြီးရှိသေးတာကို ပြီးတော့ကိုယ်တစ်နေ့လုံးအိပ်ပဲအိပ်နေရတာညောင်းနေပြီ ကိုယ်ကဘေဘီနဲ့စကားပြောချင်သေးတာ..."

ဟင်းးး ဂျောင်းကုနဲ့တော့ခက်ပြီ။

"ကိုကိုရယ် အခုချိန်ကနားရမယ့်အချိန်လေ အားရှိအောင်ကောင်းကောင်းနားရမှာပေါ့"

"ကိုအားတွေအပြည့်ပါပဲ လက်တွေ့ပြရမလား... အဟင်းး"

လူယုတ်မာအပြုံး ပြုံးပြနေတဲ့ဂျောင်းကုကိုသူမရယ်မိသည်။ ကုတင်ပေါ်ရောက်နေတာတောင်မျက်နှာပြောင်နိုင်သေးတဲ့သူကတကယ်မနိုင်စိန်ပင်။

"ဒါပေမယ့် ဘေဘီစာသွားကူးစရာရှိသေးတယ်ကိုရဲ့"

"ဟင် ဘေဘီကအပြင်သွားမို့လား ညဘက်ရောက်နေပြီလေ စာကိုမေးလ်နဲ့ပို့ခိုင်းလို့မရဘူးလား"

"ကိုကလည်း သူများကိုအလုပ်သွားရှုပ်နေသလိုဖြစ်မှာပေါ့ ဘေဘီပဲသွားလိုက်တော့မယ် ကိုလိုတာရှိရင်nurseကိုပြောလိုက်လေ"

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now