13▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭-7»»»

485 70 15
                                    

{Unicode}

"ဂျောင်းကု ပြောစရာရှိတယ်"

တိတ်ဆိတ်နေသော ညစာထမင်းဝိုင်းလေးကိုဖြိုခွင်းလိုက်တဲ့သူမ...

"ပြောလေဘေဘီ ဘာဖြစ်လို့လဲ လိုတာရှိလို့လား ကိုယ်အလုပ်ပြန်လုပ်နေပြီပဲ ဘေဘီလိုချင်တာအကုန်ပြော...ကားတော့မပူဆာနဲ့နော် ကိုယ်မတတ်နိုင်သေးဘူး ဟီး..."

ခါတိုင်းလိုပဲသူစနောက်နေပေမယ့်တည်ကြည်နေတဲ့သူမမျက်နှာထားကြောင့်သူ မျက်နှာပိုးသတ်ကာသူမအခြေနေကိုကြည့်မိသည်။

"ဘေဘီစာမေးပွဲနီးနေပြီဆိုတာ ကိုသိတယ်မလား ပြီးတော့အိမ်မှာနေရင်ဘေဘီစာသိပ်မလုပ်ဖြစ်ဘူး အဲ့ဒါ....ဘေဘီသူငယ်ချင်းနဲ့အတူစာမေးပွဲပြီးတဲ့အထိသွားနေမလို့...အဲ့ဒါ..."

သူမမရှိဘဲနဲ့ဒီအိမ်မှာသူနေခဲ့ရမှာလား...၊
သူမ မရှိရင်သူမှမနေနိုင်တော့တာ...ဒါတွေကိုသူမနားမလည်ခဲ့ဘူး။

ဝဲတတ်လာသောမျက်ရည်များကိုပုတ်ခတ်လိုက်ကာသူအကောင်းဆုံးဖြစ်အောင်ကြိုးစားပြုံးလိုက်သည်။သူမအဆင်ပြေဖို့ပဲမလား...?ပြီးတော့ခဏပဲဟာကိုသူမကိုနောက်စံမတင်းစေချင်ဘူး။

"ဘေဘီအဆင်ပြေသလိုလုပ်ပါ ကိုယ့်ကိုစိတ်မပူပါနဲ့ ကိုယ်...ဘေဘီ့အတွက်အနှောက်ယှက်မဖြစ်ချင်ဘူး ကိုယ်ဒီနှစ်ဘေဘီ့ကိုအများကြီးစိတ်အနှောက်ယှက်ပေးမိတယ် ဆေးရုံလည်းတက်ရ ပိုက်ဆံလည်းလောက်အောင်မရှာပေးနိုင်နဲ့ ဘေဘီအရမ်းပင်ပန်းနေမှာပေါ့ ကိုယ်တောင်းပန်ပါတယ်"

ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲပါးပြင်ပေါ်စီးဆင်းလာသောမျက်ရည်များကိုသုတ်ကာထမင်းစားပွဲမှထထွက်သွားသည်။ ပူပူနွေးနွေးထမင်းဝိုင်းလေးကတော့အထီးကျန်စွာနဲ့ကျန်ရစ်ခဲ့ရသည်။ ဒီထမင်းဝိုင်းလေးကသူနဲ့သူမရဲ့နောက်ဆုံးညစာထမင်းဝိုင်းလေးမှန်းသာသူသိခဲ့ရင်~

ခေါင်မိုးထပ်မှာသွားထိုင်ရင်းကြယ်တွေကိုအသက်မဲ့စွာသူငေးကြည့်နေမိတယ်။ ကြယ်လေးတွေကိုမြင်တိုင်းသဘောကျစွာပြုံးရယ်တတ်တဲ့သူကအခုချိန်မှာတော့အေးတိအေးစက်နိုင်စွာပဲကြည့်နေမိခဲ့တယ်။
သူ့ဘဝရဲ့အလင်းရောင်လေးကသူ့အနားကနေထွက်ခွာသွားမယ်ဆိုတဲ့အသိစိတ်ကသူ့ရဲ့ခြေလက်တွေရိုက်ချိုးခံလိုက်ရသလိုပဲမို့ သူဘယ်လိုလုပ်ပျော်နိုင်မှာလဲ?

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now