အချစ်ဆိုသည်မှာ ..... အပိုင်း ~~~~~ ၅

359 45 5
                                    

မနေ့ညက ချယ်ယောင်းပြောတဲ့စကားပတ်သက်ပြီးကျောင်းသွားဖို့ကို ဝန်လေးနေမိတရ်......လေးကန်နေတဲ့ခြေလှမ်းတွေနဲ့အတူ အတန်းတက်ဖို့ သွားတော့ မျက်နှာခြင်းဆိုင်လျှောက်လာနေတဲ့ ချယ်ယောင်းကိုမြင်တော့ ရင်ပူမိနေတရ် ...

ဟူးးးးးးး

" lili... နင်နဲ့ စကား ခနပြောချင်တရ်... "

"ပြောလေ ချယ်ယောင်း ... "

"ဒီမှာ မပြောချင်ဘူး ...ခေါင်မိုးထပ်ကို သွားရအောင် ... "

ကိုယ်ခွန်းတုန့်ပြန်မနေတော့ပဲ သူ့နောက်က လိုက်လာခဲ့တရ်....

သူလို နူးညံ့တဲ့သူမျိုးဆီမှာ တဖက်သတ်ဆိုတဲ့ ခံစားချက်ကြီး ရှိနေရင် အဆင်မပြေလောက်ဖူးထင်မိတရ် ...
ကိုယ်လည်း တဖက်သတ်ချစ်ခဲ့ဖူးတာမို့ ...
တဖက်သတ်ဆိုတဲ့စကားအတိုင်း ကိုယ့်ဘက်ကပဲခနတိုင်းသေနေရတာမျိုး ...
သိပ်မွေ့ပေမရ့် ထိချက်ကပြင်းတရ်...
မတက်နိုင်ဘူးရယ် ...
မဖြစ်နိုင်တာကိုတော့ အားနာပြီး အနားမှာခေါ်မထားချင်ဘူး....
အဲ့ဒါဟာ ကိုယ်ရဲ့ မှန်ကန်တဲ့ စေတနာပဲ ....

~~~~~~~~~~~~~~~~~~~~~~~~~~~~

ခေါင်မိုးထပ်ကိုရောက်တော့ စကားမပြောသေးပဲ မျက်စိကိုမှိတ်ပြီး ထိုင်ခုံမှာ ထိုင်နေတာကြောင့် ....

"ချယ်ယောင်းးး "

"Omm..lili ... ငါပြောမရ်... သေချာနားထောင်ပေးပါ ... "

"omm ပြောပါ ငါနားထောင်နေတရ်... "

"နင်ငါ့ကို တကယ်ပဲ မချစ်နိုင်ဘူးလား ..... "

"sorry ပါ ...ချယ်ယောင်း ... ငါတို့က ငယ်သေးတရ်လေ ..."

"ငါတို့ မငယ်တော့ပါဘူး ... နောက်လစာမေးပွဲဖြေပြီးရင် ငါတို့ အထက်တန်းတောင် ပြီးတော့မှာလေ ... "

"ခုချိန်မှာ အချစ်ဆိုတာကြီးကို ဘဝလို့ သတ်မှတ်လို့မရသေးဘူး ....ပြီးတော့ ဘဝ အာမခံချက်ဆိုတာ ဘာမှ မရှိသေးဘူး...တချိန်မှာ နင်လည်း တကယ်ချစ်တဲ့သူနဲ့ ဆုံလာနိုင်သေးတာမို့ ... ခု နင်က စိတ်ကစားနေတာကို  ငါနားလည်ပေးနိုင်ပါတရ် ..."

"သစ်ရွက်လှုပ်တိုင်း ရီတက်တဲ့အရွယ်ဆိုပေမရ့်... lili.. နင်သိလား ... နင်ကငါ့ရဲ့ အချစ်ဦး ... "

အချစ်ဆိုသည်မှာ .....Where stories live. Discover now