" မဒမ်... မဒမ် ... ထ ...ထ.. ပါဦး "
"ဟင်...လီဆာ ဘာလို့လည်း "
"ကိုယ်...ညက ဒီအပေါ်မှာ အိပ်တာမဟုတ်ဘူးလေ...ခု မနက် ကုတင်ပေါ်ရောက်နေတရ်... အင်္ကျီကလည်း ... မဟုတ်မှ... ကိုယ်ညက မဒမ့်ကိုများ တခုတခု လုပ်မိသေးတာလား "
" အော် ...ဒါလား ...ok..ok.. ခု လောလောဆယ် စိတ်ကို အရင် ငြိမ်အောင်ထားလိုက်ဦး "
"ဒီလို အခြေနေမျိုးမှာ ဘယ်လို တည်ငြိမ်မှာလည်း မဒမ်ရယ် ... ကိုယ် မဒမ့်အပေါ်မှာများ လွန်ကြူးမိသလား "
" ညက ဘာမှ မဖြစ်ဘူး...တို့ တရေးနှိုးလာတော့ မင်းက အောက်ဘက်မှာ ခွေခွေလေး အိပ်နေတာ... အင်္ကျီကလည်း ရေစိုနေလို့ တို့ပဲ လဲ ပေးထားလိုက်တာ ...နိူးပြီဆိုတော့ မျက်နှာသစ်တော့ ...မနက်စာ စားပြီးမှ အိမ်ပြန်ပေါ့ ဟုတ်လား "
မဒမ်က အင်္ကျီကို လဲပေးတရ်ဆိုတော့ ခုချိန်ခါမှာ ကိုယ်ရှက်တာဆိုတာလေ ... အငွေ့သာ ပျံသွားလိုက်ချင်တာ...လူတကိုယ်လုံး ထူပူပြီး မဒမ့် အခန်းတံခါးကို ယောင်ပြီးဖွင့်လိုက်မိတရ်....
" အားးးးးးးး "
ချယ်ယောင်းနဲ့ နှစ်ယောက်သား ပြိုင်တူ အော်လိုက်မိတရ်...
"lili.. နင် ဘာလို့ ငါ့ အိုမား အခန်းထဲက ထွက်လာတာလည်း ...မဟုတ်မှ နင်...နင် ..."
"တိတ်စမ်း ... မိုးမလင်းသေးဘူး ... အားနေ မှောင်ဖို့ပဲ တွေး ...နင်ထင်သလိုမဟုတ်ဘူး ..."
တံခါးဖွင့်ဖွင့်ခြင်း ချယ်ယောင်းရဲ့ စကားလုံးတွေကြောင့် လူက ခနက ရှက်နေတာတောင် စကားလုံးတွေ ပျောက်ရှ...
" lili.. နင် ဖယ်ပေး ...အိုမားကို ငါကိုယ်တိုင်မေးမရ် ... ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလည်း စဥ်းစားထား ... "
ချယ်ယောင်းရဲ့ စကားဆုံးတော့ အခန်းထဲကို ဝင်သွားတဲ့ ချယ်ယောင်းကို ကြည့်ကာ သူပြောမှပဲ ကိုယ့်အမှု့က ပိုကြီးသွားပြီ ...
" သမီးချယ် ... ဘာတွေဖြစ်နေတာလည်း ... "
" အိုမား ညက lili က အိုမားကို ...အိုမားကို ...နင် ..lili .. နင် .. ဒီကိစ္စကို တာဝန်ယူပါ ... နင်အိမ်ကိုပြန်ပြီး နင့်အိုမားကို ခေါ်လာပြီး ငါ့ အိုမားကို လာတောင်းပါ lili... နင့်ကြောင့် ငါ့အိုမား သိက္ခာကို မထိခိုက်စေနဲ့ lili... "
YOU ARE READING
အချစ်ဆိုသည်မှာ .....
Randomအချစ်ဆိုတာ ခင်ဗျားတို့ ဘယ်လို သတ်မှတ်လည်း !!!! ကိုယ်ကတော့ အချစ်ဆိုတာ ချစ်နေဖို့ပဲလို့ ထင်တရ်... Lalisa အချစ်က ကျွန်မကို ပြုစားခဲ့သည်ရှိသော် ... jennie အနေနီးလို့ ချစ်သူဖြစ်ကြေးဆို နင်ကငါ့ရဲ့ ချစ်ဦးသူပဲ...