12

386 53 12
                                    

ခမ်းနားလှတဲ့ စံအိမ်တော်ကြီးမှာ လူတိုင်းအလုပ်ရှုပ်နေကြတရ်...

ညနေမှာပြုလုပ်မဲ့ အမတ်ကြီးရဲ့ ချစ်လှစွာသော ရှုမငြီးသမီးလေးရဲ့ မွေးနေ့ပါတီပွဲမို့ အမတ်တယောက်ရဲ့ အရှိန်အဝါနဲ့ ညီမျှတဲ့ ခမ်းနားခြင်းမျိုး .....

အလုပ်သမားတွေကို အော်ဟစ်ကာ အမိန့်တွေပေးရင်း လစ်ဟာမှု့မရှိအောင် ကိုယ်တိုင်စီမံနေရတရ်...

ခုပွဲက သမီးရဲ့ ပါတီပွဲဆိုပေမရ့် ကိုယ့်အတွက်လည်း ပါတီကို ရန်ပုံငွေရှာချင်တာမို့ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တချို့ကို ဖိတ်ခေါ်ထားမိတရ်....

ခုတလော  Fashion လောကမှာ နံမည်ကြီးနေတဲ့ Designer တွေကော  ပြည်ပကနေ ရင်နှီးမြှပ်နှံဖို့ ရောက်နေတဲ့ လုပ်ငန်းရှင်တွေကောက ကျတော့်အတွက်တော့ V.V.I.P တွေမို့ ဒီပွဲကို ဘယ်လိုမှ အတိမ်းအစောင်းမခံနိုင်ပါဘူး ...

" ပါပါ... သမီး ညကြရင် သမီးကို ဘာလက်ဆောင်ပေးမှာလည်း ပါပါ ... "

"ပါပါ သမီးချောလေးက ဘာလိုချင်လို့လည်း ...ပါပါ့ ကိုပြော ... "

"အဲ့ဒါဆို ညကြရင် ပါပါ ကို လူတယောက်နဲ့ မိတ်ဆက်ပေးမလို့ ..."

"အိုးးးးးးး ပါပါ သမီးချောလေးတောင် အရွယ်ရောက်လာပြီပဲ...ပါပါနဲ့ မိတ်ဆက်ပေးမရ်ဆိုတော့ကာ ...ထူးထူးဆန်းဆန်းပဲ ... အရင်လူတွေကတောင် ပါပါရှေ့ခေါ်မလာတဲ့ သမီးချောလေးက ဒီတယောက်နဲ့ကြမှ ပြိုလဲနေတရ်ပေါ့ ဟုတ်လား ... "

"ဟုတ်တရ် ...ပါပါ ... ဒါပေမရ့် သူက ပါပါ ထင်သလို ယောင်္ကျားလေးတယောက်မဟုတ်ဘူး ပါပါ ... မိန်းကလေးပါ ...အချိန်အတို ခနလေးအတွင်းမှာ သမီးသူ့ကို ချစ်သွားမိလိမ့်မရ်ကို မထင်မိဘူး ...သူ့မို့လို့ကို ချစ်မိသွားတာ ... သမီးကြောင့်ပါပါ့ကို ထိခိုက်စေခဲ့ရင် တောင်းပန်ပါတရ် ပါပါ ... "

"မလိုပါဘူး သမီးချောရယ် ...အဓိက,က သမီးချော သူ့ကို ချစ်တရ်မဟုတ်လား ... သမီးချော စိတ်ချမ်းသာမရ်ဆို ပါပါက အကုန် ဖြည့်ဆည်းပေးမှာမို့ ...အဲ့... တခုတော့ ရှိတရ် သမီးချောလေး သူ့ကို တကယ်ချစ်တာလားဆိုတာ ပြန်သုံးသပ်ဖို့တော့လိုမရ်ထင်တရ်...ခုဟာက သမီးချောလေးရဲ့ ဘဝနဲ့ သက်ဆိုင်တာမို့ အလွယ်တကူတော့ ဆုံးဖြတ်ချက်မမြန်သင့်ဘူးလားလို့ ပါပါ ထင်မိတရ်... သမီးချောလေးကော ဘယ်လို ထင်လည်း ... "

အချစ်ဆိုသည်မှာ .....Where stories live. Discover now