" အချစ်ဆိုသည်မှာ " အပိုင်း ~~~ 2 "

525 45 0
                                    

" jen ရေ  ... ကိုယ်  Project အသစ်အတွက် ကိုရီးယားကို ခနသွားရမရ်...jen တို့သားအမိ လိုက်ချင်လား ... "

မနက်စာ ကော်ဖီသောက်ရင်း Park chae hoo ပြောလာတော့ ...

" ဘယ်လောက်ကြာမှာလည်း park chae ... "

"အလွန်ဆုံး ၂လ လောက်ပေါ့ ... "

" omm အာ့ဆို လိုက်မရ်လေ ... jen မေမေဆီလည်း သွားခြင်သေးတရ် ... "

"ဟုတ်ပါပြီ ... အာ့ဆို ကိုယ် စီစဥ်လိုက်တော့မရ် ... အော် ... ကိုယ် ဒီညလည်း နောက်ကျမရ်နော် jen .. project အတွက် အစည်းအဝေးလည်းရှိသေးလို့ ...ကိုယ်နည်းနည်းတော့ သောက်ခဲ့မရ်နော် ..."

" Omm ပါ .. အရမ်းမများစေနဲ့ဦး ... ကားကိုဂရုစိုက်မောင်း ... "

" Omm ပါ ...jen .. စိတ်ချနော် ... "

စကားကို ညင်ညင်သာသာပြောပြီး နူးနူးညံ့ညံ့လေး ကျွန်မ နဖူးကို နမ်းကာ အလုပ်ကိုထွက်သွားတဲ့ park chae hoo ကိုကြည့်ကာ ခုချိန်ထိ ကျွန်မသူ့ကို နည်းနည်းမှ ရင်မခုန်မိတာကို  ခပ်ရှက်ရှက်နဲ့ပဲ ဝန်ခံပါရစေ.....

ခုချိန်ထိ ကျွန်မနဲ့သူ အခန်းခွဲအိပ်နေတုန်းရယ် ...

မိသားစု ၃ယောက်က တယောက်တခန်းဆီနေတာဆိုပေမရ့်လည်း နွေးထွေးတဲ့ ဆက်ဆံရေးတော့ရှိတရ်...

ကျွန်မ သူ့ကို မချစ်ပေမရ့်လည်းပေါ့ ကျွန်မရဲ့ အိမ်ထောင်ရေးက သာယာပါတရ်...

" အိုမား ... အပါးထွက်သွားတာကိုကြည့်ပြီး လွမ်းနေတာလား ... "

နောက်ကနေ လာဖတ်ပြီးတော့ပြောတဲ့ သမီးလေး ချယ်ရဲ့ စကားသံကြားမှ အတွေးစတချို့ပြန်စုစီးလို့ ...

"ချယ် ... အိုမားတို့ အပါးနဲ့အတူ ကိုရီးယားကို လိုက်လည်ကျမရ်လေ ... ကျောင်းဖွင့်ဖို့ကလည်း လိုသေးတော့ ... ဘွားဘွားတို့ဆီလည်း သွားရင်းပေါ့ ... "

" wow... အိုမား တကယ်ကြီး ... တကယ်ကြီးလား အိုမား ချယ်က အထက်တန်းပြီးရင် ကိုရီးယားမှာ ပြန်နေမလို့ အိုမားကို ပြောမလို့ကို ...အဲ့ဒါ အိုမား အပါးကို ပြောပေးပါ ... ချယ် ကိုရီးယားမှာ ပြန်နေချင်တရ် အိုမား ... "

" အထက်တန်းပြီးဖို့ ၁ နှစ်ပဲလိုတော့တာကို ချယ်ရယ် အထက်တန်းကို ဒီမှာပြီးအောင် တက်လိုက်နော် ... "

အချစ်ဆိုသည်မှာ .....Where stories live. Discover now