အချစ်ဆိုသည်မှာ အပိုင်း***** 6

400 41 1
                                    

အချစ်ဆိုသည်မှာ

အပိုင်း*****  6

ပျော်ရွှင်စွာနဲ့ လေချွန်ကာ အိမ်ထဲဝင်လာတော့ ...

"သမီးချယ် ... ပြန်လာပြီလား ... ဘာတွေများပျော်လာတာလည်း ..."

"အိုမား .... ချယ်ပြောစရာရှိတရ်... အိုမားမဆူနဲ့နော် ... "

"ဘာလည်း ... သမီးချယ်... ကောင်လေးရှိနေပြီလား ...ချစ်သူဖြစ်တာ ဘယ်လောက်ကြာပြီလည်း ...သူက ဘာလုပ်လည်း... သူ့မိဘတွေကကော ... "

အိုမားရဲ့ ခရားရေလွှတ်အမေးတွေကြောင့် ချယ်မှာ ငိုအားထက် ရီအားသန်ရမဲ့အဖြစ် ...
အိုမားရဲ့ အတွေးတွေက ချယ့်လက်ရှိဘဝနဲ့က လားလားမှ မဆိုင်သေး ....
လိုတာမှ ခပ်ဝေးဝေးကို လိုသေးတာ ...

"အိုမားရယ် ...ဖြည်းဖြည်းမေးပါ ...ချယ့်မှာ ဘယ်ကောင်လေးမှ မရှိပါဘူး ...အဲ့ ... ချစ်သူမရှိသေးဘူးဆိုရင် ပိုမှန်တရ်... "

"အဲ့ဒါဆို သမီးချယ်ရဲ့  ပြောစရာရှိတရ်ဆိုတာက ... "

"ပြောစရာဆိုတာထက် မေးစရာဆိုပိုမှန်တရ်  အိုမား ... "

သမီးချယ်ရဲ့ အပြောကြောင့် ကျွန်မမှာ ပျက်သွားတဲ့မျက်နှာကို သေသပ်စွာ ဖုံးဖိလို့ ...
မဟုတ်မှ ...
သမီးချယ် သူ့မိဘတွေအကြောင်းများလား ...
အပူရုပ်ကို ဟန်လုပ်အားတင်းကာ ကြိုးစားပြီးထွက်ကြလာတဲ့ ကျွန်မရဲ့ စကားသံက တိုးလျလျ...

"မေးလေ သမီးချယ် ... "

"ဟုတ်  အိုမား... အချစ်ဆိုတာ ဘယ်လိုမျိုးလည်း ... ဘယ်လိုမျိုးကိုမှ အချစ်လို့ သတ်မှတ်လည်း ... အိုမားအရင်က ချစ်သူရှိရင်ပြောလို့ ပြောထားပေမရ့် ... ခု အာ့ အချစ်ဆိုတာကို သိချင်လာလို့ ..."

သမီးချယ်ရဲ့ စကားအဆုံးမှာ ကျွန်မ တခန မှင်သက်လို့ ...

ကျွန်မရဲ့ ငယ်ရွယ်စဥ်မှာ အချစ်ဆိုတာ ဘာမှန်းမသိခင်မှာပဲ အိမ်ကပေးစားတဲ့သူနဲ့ယူခဲ့ရလို့ လူငယ်တယောက်ရဲ့ ပျော်ရွှင်ခြင်းတွေ လွတ်လပ်ခြင်းတွေ ဆယ်ကျော်သက်တယောက်ရဲ့ ရင်ခုန်သံတွေအကုန် ပင်လယ်ထဲကိုသွန်ချပစ်လိုက်လို့ ခုဆို အနယ်ထိုင်ရုံတင်မဟုတ်ဘူး ... ကျောက်ဆောင်တွေလောက်တောင်ဖြစ်ကုန်ပြီ .....

အချစ်ဆိုသည်မှာ .....Where stories live. Discover now