လေဆိပ်မှာ လာကြိုနေတဲ့ jen ရဲ့ မိဘနှစ်ပါးနဲ့အတူ အိမ်ကိုပြန်ခဲ့တရ် ...
ကျွန်မတို့ ကိုရီးယားကိုပြန်ရောက်တော့ ညမှောင်ပြီ....
အိပ်ချင်တာနဲ့ပဲ အခန်းထဲဝင်လာပြီး အိပ်မလို့ကို park young hoo ပါ အတူလိုက်ဝင်တော့" park young ရှင့်အခန်းက ဟိုဘက်မှာလေ .... "
" အဲ့ဒီ့အခန်းထဲ သမီးလေးချယ်က ဝင်သွားပြီ jen ... "
" aww ... ရတရ်လေ ... jen သွားနှိုးလိုက်မရ် ... ရှင် ဟိုဘက်အခန်းထဲ အိပ်လိုက် .... "
သမီးလေးချယ်ကို နှိုးပြီး ကျွန်မအခန်းထဲကို တူတူအိပ်ဖို့ ခေါ်လာတရ် ...
အနေအေးတဲ့ သမီးလေးပီပီ ဘာမှ မမေးပဲ အိပ်ချင်မူးတူးလေးနဲ့ ကျွန်မနောက်ကို လိုက်ခဲ့ပြီး ကျွန်မတို့ သားအမိနှစ်ယောက်ဖက်အိပ်လိုက်တရ် ....~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်မိုးလင်းတော့ ထုံးစံအတိုင်း ကျွန်မ စောစော ထကာ မနက်စာအတွက် ပြင်ဆင်ရင်း စောင့်နေမိတရ်...
" Jen.. သမီး အစောကြီးနိုးနေတာလား ... "
"ဟုတ်... ဖေဖေ ...park young လည်း company ကို သွားမှာဆိုတော့ နိုးနေတာနဲ့ မနက်စာ လုပ်လိုက်တာဖေဖေ ... မေမေကော နိုးပြီလား ... "
" နိုးပြီ သမီး ... "
အသံနဲ့အတူ မေမေ ခုံမှာ ဝင်ထိုင်လိုက်တရ် ...
"ဖေဖေနဲ့ မေမေ စားနှင့်လေ ... jen ... park young နဲ့ ချယ်လေးကို သွားကြည့်လိုက်ဦးမရ်... "
ပြောပြီး ကျွန်မ အပေါ်ထပ်ကအခန်းကို သွားလိုက်တရ်....
" သမီးလေး ချယ် ... ထတော့လေ ... မနက်စာ စား ရအောင် ... "
" ဟာ ... အိုမားကလည်း ... ချယ် အိပ်ရေးမဝသေးဘူး ... ခနလေး .. ခနလေး အိုမား ... "
" ချယ်လေးပြောတော့ အပါးအလုပ်ကို လိုက်သွားမရ်ဆို အပါးက ပြီးနေလောက်ပြီလေ ချယ် ...ထတော့ လိမ်မာတရ် ချယ်လေးက ... "
" ဟုတ် ... ထပြီ အိုမား .. အပါးကိုပြောပေးဦး ... ချယ့်ကိုစောင့်ဖို့ ... "
" omm မြန်မြန်လုပ် ချယ် ... ရေမြန်မြန်ချိုး အအေးမိမရ် .. "
ပြောပြီး ကျွန်မလည်းအောက်ဆင်းလာတော့ park young လည်းမနက်စာ စားနေပြီမို့ ကျွန်မလည်း ခုံမှာဝင်ထိုင်ပြီး မနက်စာ စားရင်း သမီးလေး ချယ်ကိုစောင့်နေမိတရ် ....
ခနကြာတော့ သမီးချယ်လေး ဆင်းလာပါပြီ ...
YOU ARE READING
အချစ်ဆိုသည်မှာ .....
De Todoအချစ်ဆိုတာ ခင်ဗျားတို့ ဘယ်လို သတ်မှတ်လည်း !!!! ကိုယ်ကတော့ အချစ်ဆိုတာ ချစ်နေဖို့ပဲလို့ ထင်တရ်... Lalisa အချစ်က ကျွန်မကို ပြုစားခဲ့သည်ရှိသော် ... jennie အနေနီးလို့ ချစ်သူဖြစ်ကြေးဆို နင်ကငါ့ရဲ့ ချစ်ဦးသူပဲ...