part 15

5.3K 154 5
                                    

☘️ရွှေဖူးစာ ဆုံရာဝယ်.....☘️

အပိုင်း(၁၅)

ညနေကျောင်းဆင်း မနက်ကောင်းပို့ကြိုသည့်အလုပ်ကိုသုခအော်တိုရခဲ့၏။

ငတိမလေးကလည်း ကားထဲမှာလည်းမျက်နှာလွှဲ ကျောင်းရောက်လျှင်လည်း မသိချင်ယောင်ဆောင် ကျောင်းဆင်း အိမ်ရောက်သည်နှင့်အိမ်ထဲတန်းဝင် တော်တော်လေး ရှောင်လင်သိုင်းကျွမ်းနေသည်။

သူ့မှာတော့ လက်ကိုဆောင့်ဆွဲပြီး မျက်နှာချင်းဆိုင်ပစ်ချင်သည့်စိတ်တို့ကတဖွားဖွား.....

သို့သော်အခွင့်ကမသာ.....

ထိုသို့ခံစားချက်တွေကိုသူကြိတ်မှိတ်ရင်း ရက္သပတ်တစ်ခုကိုကျော်လွန်လာပြီးနောက်....

ယနေ့ ကျောင်းဆင်းချိန် မတိုင်းမှီ ကျောင်းသို့သူစောနှင်းစွာ ရောက်နေခဲ့သည်။

ကျောင်းဝင်းထဲ ကားပါကင်တွင်နေရာယူကာ သူမတို့အလာလို့စောင့်လို့နေသည်။

"ပိုး ပြန်တော့မယ် တာတာ့နော် ညမှလိုင်းမှာတွေ့မယ်"

"Ok ဘိုင် ပိုးလေး"

ပိုး အာကာကျော်ကိုလက်ပြနှုတ်ဆက်ကာ

"ပျို"

ပျိုလက်ကိုချိတ်၍ သုခကားဆီလျှောက်နေကြလေသည်။

"ပျော်နေတာ ပိုးပိုးက"

"ဟီး...."

ပျို့အပြောက ပိုးပိုးကဟုတ်မှန်နေကြောင်း သွားများပေါ်အောင်ရယ်ပြလေသည်

"ပျော်မနေနဲ့ပိုးမ နင့်ကိုမာမီနဲ့တိုင်းမယ်"

"အံမယ် တိုင်းကြည့်ပါလား နင်လည်း အတန်းပျက်ပြီး ဂိမ်းဆိုင်ခိုးသွားတာ ပြန်တိုင်မယ်"

"မပြောတော့ဘူးဟာ ငါဂိမ်းဆော့တာ ကမ္ဘာကိုဖျက်ဆီးနေတာက‌ျနေရော်"

"ငါရည်းစားထားတာကျတော့ရော် အပြစ်ကြီးလိုလုပ်မ‌လုပ်နဲ့ နင် ပါးစပ်ပိတ်ရင် ငါလည်းပိတ်မယ် ဘဲစားဘဲကျေပဲ"

"ပြီးရော်ဟာ"

ဖြိုးဖြိုး စိတ်ရှုပ်စွာ လက်ပြပြီးကားရှေ့ခန်းထဲဝင်ထိုင်လိုက်သည်။

ရွှေဖူးစာ ဆုံရာဝယ်Where stories live. Discover now