🍀ရွှေဖူးစာ ဆုံရာဝယ်....🍀
အပိုင်း(၃၅)
အန်တီလေးပြောထားသည့်အတိုင်း
နောက်နှစ်ရက်အကြာတွင် သူတို့ရောက်လာခဲ့သည်။ကိုငယ်ကတော့ မျက်နှာကြီးသုန်မှုန်ကာ ထိုင်နေသည်မို့ မေမေကသာ အားနာပါးနာဖြင့် ဖော်ရွှေစွာ ပင်တိုင်ဧည့်ခံလို့နေရသည်။
ပျိုကတော့ လူကြီးတွေနှင့်လိုက်လျောညီထွေပြောဆိုဆက်ဆံနေသော်လည်း သူ့မျက်နှာကိုခုထိစေ့စေ့ပင်မကြည့်ပါ။
ဒီအတော်အတွင်းဖုန်းလေးနဲ့တောင် မဆက်သွယ်နိုင်အောင် သူဘာတွေများ အရေးကြီးနေလို့လဲ။
နှစ်ပတ်လုံး ပျို့အတွက် အချိန်နည်းန်ညးလေးတောင်မပေးနိုင်ဘူးလား။
ကိုငယ် တားဆီးပိတ်ပင် ထားရင်တောင် သူ့အနေနဲ့ရအောင် တွေ့ဖို့ကြိုးစားရမှာမဟုတ်လား။
ခုတော့ လူကြုံနဲ့ပါးပြီးမှ ဝတ်ကျေတန်ကျေ လာတောင်းတဲ့ပုံမျိုးဖြစ်နေသည်။
သူဘက်က ချစ်သူဖြစ်ခွင့်တောင်မစရသေးခင် သူခေါ်တဲ့နောက်ကို အဆင့်တွေကျော်ပြီး လိုက်ခဲ့မိလို့များ ပျို တန်ဖိုးမဲ့သွားလေသလား....
ပျို သူ့ကိုချစ်မိခဲ့လို့ ဦးနှောက်မဲ့သူလိုဖြစ်သွားခဲ့ရတာပါ။
ဒါကို ဟင်းရွက်ကန်စွန်းလို သဘောထားရင်တော့ ပျို လုံးဝ အဖြစ်မခံနိုင်ပါ။
အရင်ကသူ ပျို့အပေါ် ဘယ်လိုပဲ သဘောထားထား ပျို မမှုပါ။
ခုချိန်မှာတော့ ပျို သူ့ကိုချစ်မိနေပြီးမို့ သူ့ဆီက မလိုလားမှု အသေးအမွှားလေးတောင်မလိုချင်ပါ။
ကိုယ့်ကြောင့်လဲ သူမလုပ်ချင်တာမျိုး မလုပ်စေချင်။
ကိုယ့်ကြောင့် သူစိတ်ရှုပ်ခံနေရမှာ မလိုလားပါ။
သူ တကယ်ချစ်တဲ့သူရှိနေလို့ဆိုရင်လဲ ပျို မဆွဲထားပါ။
သူသာပျော်မယ်ဆို ပျိုလက်လွှတ်ပေးနိုင်ပါတယ်။
အဓိကက သူပျော်နေဖို့ပါပဲ။
"ကျွန်တော့်သား လုပ်ရက်အတွက် ဒီက ညီမကို မျက်နှာမပြဝံအောင်ဖြစ်ရပါတယ် ထိခိုက်နစ်နာသွားရတဲ့ သမီးလေးအတွက်လည်း အနူးအညွတ်တောင်းပန်ပါတယ်"
ВЫ ЧИТАЕТЕ
ရွှေဖူးစာ ဆုံရာဝယ်
Любовные романыနယ်မြို့လေးမှ အိမ်မှာအငယ်ဆုံးသမီးလေး သံလွင်ပျို ရန်ကုန်မြို့ကြီးမှ မြို့သားကိုလူချော သုခမင်းမြတ် မထင်မှတ်ပဲ တွေ့ဆုံမှုတစ်ခု....