part18

4.5K 152 6
                                    

☘️ရွှေဖူးစာ ဆုံရာဝယ်....☘️

အပိုင်း(၁၈)

ဘာလိုလိုနဲ့ပျိုရန်ကုန်ရောက်နေသည်မှာ
သုံးလပင်ကျော်လွန်ခဲ့လေပြီး....
မြန်မာနှစ်သစ်ကူးသကြန်ပွဲတေယ်သို့မရောက်မှီ ကျောင်း၌ ကြိုတင်ကျင်းပလေသည်။
ဤနေ့ကာ ကျောင်း သကြန် ကျင်းပသည့်ရက်မို့ ပိုးပိုးနဲ့ဖြိုးဖြိုးတို့အိမ်မှာမရှိ....
ပျိုကတော့ မသွားချင်တာရော စာမသင်တာရယ်ကြောင့် အိမ်မှာပဲနေခဲ့လိုက်သည်။
အပေါ်ထပ်အခန်းထဲ၌
အိမ်အောက်ထပ်ဧည့်ခန်းမှ ယူလာသော
ဆရာမပုညခင်ရဲ့ "တောင်တန်းတွေရဲ့အလွန်"စာအုပ်ကို ကုတင်ထက် လှဲလျောင်းကာအေးအေးလူလူဖတ်လို့နေ၏။
ပျို ဝတ္ထုဇာတ်လမ်းထဲ စိတ်တစ်ခုလုံးမျောပါသွားစဉ်....
ဒေါက် ဒေါက်....
"ပြို‌လေးရေ...."
အန်တီလေး၏အသံကိုကြားလိုက်ရ၍ ပျိုကလန့်လို့သွား၏။
လူကစာအုပ်ထဲစိတ်ရောက်နေချိန် အပြင်မှ အသံကျယ်တစ်ခုကိုကြားလိုက်ရ၍ လန့်ဖြန့်သွားရခြင်းဖြစ်သည်။
ပျိုရင်လေးတုန်စွာဖြင့် စာအုပ်ကိုရောက်သည့်နေရာ၌ စာရွက်ကဒ်လေးညှပ်ကာ ခေါင်းအုံးပေါ်တင်ထားခဲ့လိုက်သည်။
ထို့နောက်ကုတင်ထက်မှ အောက်သို့ဆင်းကာ တံခါးဆီလျှောက်လို့သွား၏။
ချပ်...
"ဟုတ် အန်တီလေး"
"ဘာရယ်မဟုတ်ပါဘူး ပျိုလေးရယ် အန်တီလေး ယုဇနပလာဇာမှာ shoppingထွက်မလို့ ပျိုလည်း ကုန်တိုက်တွေတခါမှ မရောက်သေးဘူးဆိုတော့ နောက်ပျိုအိမ်မှာပျင်းနေမဲ့တူတူ အန်တီလေးနဲ့လိုက်ခဲ့ပါလား"
အန်တီလေးကဖော်ရွှေစွာစကားကိုဆိုလာ၍ ပျိုငြင်းလျင်လည်းမကောင်းတာမို့ ပြန်လည်ပြုံးပြကာခေါင်းညိတ်လိုက်ရသည်။
"ဟုတ်အန်တီလေး ပျို လိုက်ခဲ့ပါ့မယ်"
"အေအေ အဲ့ဒါဆို အဝတ်အစားလဲပြီး ဆင်းလာခဲ့နော် အန်တီလေး အောက်မှာစောင့်နေမယ်"
"ဟုတ်ကဲ့အန်တီလေး"
အန်တီလေးကျောခိုင်းထွက်သွားချိန် ပျိုတစ်ယောက် တံခါးကိုစိတ်ပျက်လက်ပျက်ပိတ်လိုက်ကာ နှုတ်ခမ်းလေးဆူမိနေသည်။
အမှန်က ဝတ္ထုဆက်ဖတ်ချင်သေးတာ ဖတ်လို့ကောင်းနေပြီးကို ဟင်း....
....
"အန်တီလေး ပျိုပြီးပြီ"
ပျိုအောက်ထပ်သို့ဆင်းလာကာ
ဆိုဖာ၌ထိုင်လျက်
မျက်မှန်တပ်၍ ဖုန်းကြည့်နေသော အန်တီလေးကို လှမ်းအကြောင်းကြားလိုက်သည်။
"အော် ပျိုလေးပြီးပြီလား အေအေ ခန‌ထိုင်အုံးနော် ကားမရောက်သေးလို့"
"အော်...
ဟုတ်...
အန်တီလေး"

ရွှေဖူးစာ ဆုံရာဝယ်Where stories live. Discover now