☘️ရွှေဖူးစာ ဆုံရာဝယ် ....☘️
အပိုင်း(၁၆)
ထိုနေ့က ရုပ်ရှင်ရုံမှအိမ်သို့ ညနေလေးနာရီတွင်ပြန်ရောက်၏။
ထို့နေ့သည် ပျို့ဘဝမှာ
သရဲကားကို မျက်နှာမကွယ်မဝှက်ဘဲ ကြည့်နိုင်ခဲ့သည့် ထူးခြားဆုံးနေ့ဖြစ်ခဲ့သည်။ရင်ထဲအသည်းထဲ၌လည်း ကြောက်စိတ်ဟူ၍ တစိုးတစိမျှ မပေါ်ပေါက်ခဲ့။
လူကပရိုဂျက်တာကိုကြည့်နေလေသော်လည်း စိတ်က ဘေးက လိုက်နှောင့်ယှက်နေသောလူကြီးကို ကုပ်ဖဲ့ချင်စိတ်သည်ကြီးစိုးလို့နေခဲ့သည်။
ထိုအကြောင်းကို ညဘက်၌ စုစုတို့နှင့်ပြောဖြစ်ခဲ့သည်။
ဒါကိုသူတို့က တဟားဟားအော်ရယ်ကြ၍
ဦးလေးကြီးနင့်ကိုမရ ရအောင်လိုက်တော့မှာဟုလည်းကောက်ချက်ပေးကြ၏။နဂိုတည်းကအသက်ကြီးတဲ့သူဆို မကြိုက်သော ပျို လုံးဝမရစေရဘူးဟုယတိဖြတ်ပြောပစ်ခဲ့၏။
ထိုညကအိပ်ယာဝင်ချိန်၌လည်း မိုးကတဖြောက်ဖြောက်ရွာသွန်းလို့နေပြန်သည်။
ပျို ကြည့်မရဘူး ဟုဆိုထားသော ထိူလူကြီးအကြောင်းကလည်း အတွေးထဲ တဝဲလည်လည်။
ပျိုမျက်လုံးများကိုမှိတ်လိုက်ချိန်၌လည်း ရုပ်ရှင်ရုံထဲ စိုက်ကြည့်နေသည့် သူ့မျက်လုံးများကြောင့် သူများစိုက်ကြည့်နေသလားဟု စိတ်ထဲ ထင်ယောင်ထင်မှားဖြင့် ပါးလေးများပင် ပူထူခဲ့ကသေးသည်။
ပျို ရှင်နဲ့ မနီးစပ်ချင်ဘူး ပျိုရှင့်ကိုကြောက်လည်းကြောက်သလို ချစ်လည်းမချစ်ရဲဘူး.....
.....
နောက်တစ်နေ့တွင်မနက်စာစားပြီးနောက် အန်တီလေးကအောက်ထပ်တွင် အပင်များဖြင့်အလုပ်ရှုပ်နေ၏။
ပိုးပိုးက အပေါ်ထပ်သူ့အခန်း၌ ရည်းစားနှင့်ဖုန်းခိုးပြောနေပြီး
ဖြိုးဖြိုးကတော့ အောက်ထပ်မှဂိမ်းစက်ကြီးကိုသူမအခန်းထဲပို့ကာ နေ့မအားညမနား ဂိမ်းကိုလှိပ်ဆော့နေလေရဲ့။
မမိုးမှ အန်ကယ်လေးနှင့် အလုပ်သွား၍ တနင်ဂနွေကျောင်းပိတ်ရက်မို့ပျိုတစ်ယောက်တည်းပျင်းခြောက်ခြောက်ဖြစ်လို့နေသည်။
BẠN ĐANG ĐỌC
ရွှေဖူးစာ ဆုံရာဝယ်
Lãng mạnနယ်မြို့လေးမှ အိမ်မှာအငယ်ဆုံးသမီးလေး သံလွင်ပျို ရန်ကုန်မြို့ကြီးမှ မြို့သားကိုလူချော သုခမင်းမြတ် မထင်မှတ်ပဲ တွေ့ဆုံမှုတစ်ခု....