🍀ရွှေဖူးစာ ဆုံရာဝယ်....🍀
အပိုင်း(၂၁)
သင်္ကြန် အကြတ်နေ့....
သင်္ကြန်တွင်း အကြို အကျ ရှေ့နှစ်ရက်လုံးစလုံး အိမ်တွက်းအောင်းခဲ့သမျှ ဒီနေ့တော့ဖြင့်....
ရပ်ကွက်လူကြီး ဦးလေးမောင်လွင်မြင့်မှ ပျိုတို့အဖွဲ့အား အတက်နေ့၌ ယိမ်းအဖွဲ့ အနေဖြင့်ကပြဖျော်ဖြေရန် အိမ်ကလူကြီးများဆီ အကြောင်းကြားထားသောကြောင့်ဖြစ်သည်။
ပျိုတို့အဖွဲ့မှာ နှစ်တိုင်းဆိုသလို ယိမ်းသမအဖွဲ့တွင် ငယ်စဉ်ကတည်းက ပါဝင်ခဲ့ကြသည်။
ထို့ကြောင့်လည်း ဒီနှစ်မပါမဖြစ် တစ်ရက်တော့ ပါဝင်ပေးရန် ရပ်ကွက်လူကြီးမှ လာရောက်ပြောကြားသွားခြင်းဖြစ်သည်။
ထို့ကြောင့်လည်း ပျိုတို့မှာ ခြံထဲ၌ပင် အကြတ်နေ့တစ်ရက်လုံး မန်းတောင်ရိပ်ခို သီချင်းကို အခေါက်ခေါက်အခါခါ လေ့ကျင့်ကရတော့သည်။
ပျိုတို့ကိုအကသင်ပေးသူက နှစ်လမ်းကျော်မှ အမှတ်၄ ယိမ်းအဖွဲ့၏ ပင်တိုင်ခေါင်းဆောင် မမိုးပိတောက်ဝါဆိုသူဖြစ်သည်။
"အမောင့်ကလေးတသသနဲ့ဆိုရင် ဘယ်လက်က ခါးမှထောက်ပြီး ညာလက်ကို ခေါင်းရဲ့ဘေးမှာ လက်ဖျားလေးတွေကိုကော့ပြီးလှုပ်ရှားပေးရမယ် အစ်မပြောတာ နားလည်တယ်နော်"
"ဟုတ် မဝါ"
"အိုကေ"
ပျိုတို့မှာ နဂိုတည်းက ယိမ်းကတက်သူများဖြင့်ဖြင့် မဝါမှထွေထွေထူးထူးသင်ပေးစရာမလိုပါ။
နှုတ်မှပြော၍ တခါမျှကပြရုံဖြင့် အားလုံးကတက်ကြသည်။
"ခါးသေးနွဲ့ ဆိုတာနဲ့ လက်နှစ်ဖက်ကို ခါးဘေးတစ်ဖက်ဆီ ကော့ကော့လေးထားပြီး တစ်လှည့်ချင်းပင့်ပေး ခါးကိုလည်း လက်အလိုက် တစ်ဖက်စီ လှုပ်ပေးရမယ် အိုကေတယ်နော် ငါ့ညီမတို့"
"ဟုတ် မဝါ"
"အိုကေ သီချင်းပြန်ဖွင့်မယ်"
🎶ခါးသေးနွဲ့ မူယာကြွယ် လှဂုဏ်ဝင့်ထည်
မာလာနွယ် ခိုင်ညာရယ်
တစ်ယောက်ဆို တစ်ယောက်မို့ အောင့်မေ့တယ်
YOU ARE READING
ရွှေဖူးစာ ဆုံရာဝယ်
Romanceနယ်မြို့လေးမှ အိမ်မှာအငယ်ဆုံးသမီးလေး သံလွင်ပျို ရန်ကုန်မြို့ကြီးမှ မြို့သားကိုလူချော သုခမင်းမြတ် မထင်မှတ်ပဲ တွေ့ဆုံမှုတစ်ခု....