ညကြီးသန်းခေါင် တစ်ချက်တီး၌ ဒေါ်မြင့်မိုရ်ဦး အိမ်ရှေ့သို့ထိုးရပ်လာသည့်ကားတစ်စီး။
ကားသည်ကား အနီနှင့် အနက်စပ်ထားသည့် ပြိုင်ကားအမျိုးအစားပင်တည်။
ညချိန်ခါ ပုဇဉ်းရင်ကွဲသံများ တကျွတ်ကျွတ် တကျီကျီဆူညံနေခိုက် ကား ဘရိတ်အုပ်သံကြီးက ဆူညံလို့သွား၏။
ကားရပ်ပြီးသည်နှင့် ရှေ့ခန်းတံခါးပွင့်လာကာ ကားထဲမှ ဒယိမ်းဒယိုင်ဖြင့် ဆင်းလာသူ သုခ။
ဆံပင်တွေဖရိုဖရဲဖြင့် တီရှပ်အဖြူနှင့် ဂျင်းနက်ပြာကိုတွဲဝတ်ထားသည့်တွက် တစ်မျိုး ဆွဲဆောင်မှုရှိနေပြန်၏။
သူ့ခြေထောက်မှ အဖြူအနက်စပ်ဘွတ်ဖိနပ်အားဝတ်လို့ထားကာ ညမီးတိုင်မှ ဖြာကျနေသောအလင်းရောင်အောက် ဖြူကာ မျင်ခုံးနက်နက်တို့ထင်းနေသော ခပ်ချောချောမျက်နှာကိုမြင်နေရသည်။
ဒုန်း....
ကားတံခါးအား မာန်ပါပါဆောင့်ပိတ်ကာ သူ့ကိုယ်သူမနိုင်တနိုင်သယ်ရင်းခွေခေါက်နေသော သိုင်းကွက်နင်းခြေလှမ်းများဖြင့် ခြံရှေ့ တံခါးဆီသို့ လျှောက်သွားလေသည်။
ဒုန်း ဒုန်း....
"ပျိုရေ ပျို.... ကိုယ့်ကိုကြည့်ပါအုံးကွာ ခုကိုယ် ဘာဆက်လုပ်ရမလဲ ကိုယ်မင်းမုန်းတာမခံစားနိုင်ဘူးကွ ကိုယ်လိုချင်တာ မင်းအချစ်တွေပါပျိုရာ ဟာ....ပျို"
ဒုန်း ဒုန်း....
သံပန်းတံခါးအားဆွဲဆောင့် ရမ်းနေ၍ တိုင်နှင့်တံခါးရိုက်မိကာ တဒုန်းဒုန်း တအုံးအုံး ဆူညံသံ
သုခ၏ မူးမူးဖြင့် အော်ဟစ်သောင်းကျန်းနေမှုကြောင့်
အိမ်ထဲမှလူများလန့်နိုးလာရ၏။
"တောက် ဘယ်ကကောင်လဲကွ ငါ့အိမ်တံခါးကို လာထုနေတာ ငါနဲ့တွေ့မယ်"
ဦးအောင်မျိုးမှ ခုတင်ဘေးခုံတွင်တင်ထားသော မျက်မှန်ကိုေကာက်တပ်ကာဒေါသတကြီးဖြင့် ခုတင်ပေါ်မှ ဝုန်းခနဲဆင်းသွားကာ အခန်းပြင်ထွက်သွားလေသည်။
"အို ကိုနှယ် ခက်လိုက်တာ အိမ်ရှေ့ကလည်း ဘယ်ကလူမှန်းမသိဘူး ဓားတွေဘာတွေပါလာရင်တော့ဒုက္ခပါပဲ
လိုက်သွားအုံးမှ"
ESTÁS LEYENDO
ရွှေဖူးစာ ဆုံရာဝယ်
Romanceနယ်မြို့လေးမှ အိမ်မှာအငယ်ဆုံးသမီးလေး သံလွင်ပျို ရန်ကုန်မြို့ကြီးမှ မြို့သားကိုလူချော သုခမင်းမြတ် မထင်မှတ်ပဲ တွေ့ဆုံမှုတစ်ခု....