part 28

4K 153 29
                                    

ဧည့်ခံပွဲမတိုင်ခင် ထိုနေ့မနက်၌....

ဒေါက် ဒေါက်

"ပျိုရေ ပိုးဝင်လာမယ်နော်"

ပိုးတံခါးဖွင့်ကာပျို့အခန်းထဲဝသ်လာခိုက်မည်သူမျှရှိ‌မနေချေ။

"ဟင်း ပျိုလည်းမရှိဘူး ဘယ်ရောက်နေတာလဲ"

ပိူး အခန်းပတ်ပတ်လည်လိုက်လျှောက်ကြည့်ရင်း ရေချိုးခန်းတံခါးပိတ်ထားသည်မို့

"အော် ရေချိုးနေတာနဲ့တူတယ်"

ထိုသို့ဖြင့် ပိုးပိုးရေချိုးခန်း‌ေရှ့သွားရပ်နားတံ‌ခါးခေါက်လိုက်လေသည်။

ဒေါက် ဒေါက်

"ပိုရေ အထဲမှာလား"

"အင် ဟုတ်တယ် ပိုးပိုး ဘာလူပ်ဖို့လဲဟင်"

ရေချိုးခန်းထဲမှ ပျို့အသံထွက်လာ၏။

"အော် မာမီက ပျိုဝတ်ဖို့ ဝတ်စုံလာပို့ခိုင်းလို့အဲ့ဒါ ပိုး ခုတင်ပေါ်တင်ခဲ့မယ်နော်"

"အင် ကျေးဇူး ပိုးပိုး"

"ရပါတယ်ရှင့်"

ပိုးပိုးခုတင်ပေါ်ဝတ်စုံအားတင်ကာ ပြန်ထွက်လာခိုက် အကြည့်တို့က ခေါင်းအုံးအောက်မှ တစ်စွန်းတစ်စထွက်နေသောအရာလေးကြောင့်ခြေလှမ်းတို့ရပ်သွားရ၏။

ဘာလေးလဲဆိုသည့် သိချင်စိတ်ကြောင့် ရေချိုးခန်းဘက်ခေါင်းပြန်လည်ကြည့်ကာ ကုတင်ခေါင်းရင်းဘက်သို့ တိုးသွားမိ၏။

ခုတင်ပေါ်သို့ အိခနဲထိုင်ချကာ ခေါင်းအုံးလေးအားအသာမ၍ ကြည့်လိုက်ရာ ပန်းရောင် စာအုပ်လေးတစ်အုပ်ကိုတွေ့လိုက်ရ၏။

အင် ပျိုကတော့ စာအုပ်ကိုခေါင်းအုံးထဲထားရတယ်လို့ ဘာစာအုပ်မို့လို့လဲ မှန်းစမ်း....

ပိုးပိုး စာအုပ်လေးအားဆွဲယူလိုကာ ခေါင်းအုံးလေးအား သေသေသပ်သပ်ပြန်ထားလိုက်သည်။

ပိုးပိုးစူးစမ်းချင်စိတ်ဖြင့် ကိုင်ထားသော စာအုပ်လေးမှာ ရိုးရိုးမျဉ်းနှစ်ကြောင်းစာအုပ်မျိုးမဟုတ်ဘဲ သော့ခတ်စာအုပ်လှလှလေးဖြစ်၏။

စာအုပ်လေးမှာ သော့လေးတွဲလောင်းကျနေပြီး ပွင့်လို့နေ၏။

ရွှေဖူးစာ ဆုံရာဝယ်Where stories live. Discover now