ရွှေဖူးစာ ဆုံရာဝယ်

24.6K 373 5
                                    

🍀ရွှေဖူးစာ ဆုံရာဝယ်....🍀

အပိုင်း(၁)

ဤဇာတ်လမ်းစတည်ရာနေရာကာ ကရင်ပြည်နယ်၏ ရိုးရာပွဲတော်တစ်ခု၌ဖြစ်သည်။

မီးရောင် ထိန်ထိန်ဝါများကြား လမ်းဘေးနှစ်ဖက်တွင် ဈေးဆိုင်တန်းများကိုယ်စီရှိနေကြသည်။

ပွဲဈေးတန်းတစ်လျှောက် အရုပ်ပစ်သည့်ဆိုင်များ မုန့်ဟင်းခါးဆိုင်များ တက်တူးထိုးသည့်ဆိုင်များ သစ်သီးဆိုင်များ အကင်ရောင်းသည့်ဆိုင်များ ရိုးရာအထည်ရောင်းသည့်ဆိုင်များ ဒန်ပေါက်ကြေးအိုးဖာလူဒါဆိုင်များ စသည်ဖြင့် အမျိုးအစားစုံလင်စွာရောင်းချနေကြသည်။

ထိုဆိုင်များပတ်လည်ဝန်းရံထားသည့် မြေကွက်လပ်ကျယ်ကြီး၌တော့ ချာရဟပ်များ စတိတ်ရှိုးပွဲများ ကလေးများဆော့ကစားသည့်ဘောလုံးအရုပ်ကြီးများ ဇာတ်ပွဲရုံများ ပြုလုပ်ထားကြကာ လူများလည်းစည်းကားလှသည်။

မုန့်ဈေးတန်းတစ်လျှောက် အနယ်နယ်အရပ်ရပ်မှလာကြသော လူများကြိတ်ကြိတ်တိုးနေကာ လူသွားလမ်းကြီးမှာ ပြည့်ကျပ်လို့နေလေသည်။

ပြည်နယ်တစ်ခုလုံး၏ပွဲတော်ဖြစ်သည့်အပြင်တစ်နှစ်မှတစ်ခါသာကျင်းပသည်မို့ စတိတ်ရှိုးပွဲ၌ နာမည်ကြီးအဆိုတော်များကိုခေါ်ယူ၍အခမဲ့ကျင်းပပေးလေ့ရှိသည်။

စတိတ်ရှိုးဆိုတာနှင့် တွဲဖက်မြင်နိုင်သည့် လူငယ်များကလည်း မြို့ထဲကဖြစ်ဖြစ် အနီးအနားရွာများမှဖြစ်ဖြစ် တစ်နှစ်တစ်ခေါက်ရအောင်လာတက်ကြသည်။

ကိုယ်ခင်မင်ရာသူငယ်ချင်းမိတ်ဆွေများ မိဘမောင်ဘွားများဖြင့် ထိုပွဲသို့ရောက်လာတက်သည့်လူငယ်များသည် စတိတ်ရှိုး၌သာ စိတ်ရောက်နေတက်ကြသည်။

လူငယ်သဘာဝအပျော်အပါးမက်ကြသည်မို့ တစ်ချို့ဆို အိမ်မှလူကြီးများမလွှတ်လျင် ခိုး၍လာကြသည်အထိရိှသည်။

ပွဲတော်သို့လာရောက်ကြသောလူပျိုကာလသားများမှာ စတိုင်အပြည့်ထုတ်တက်ကြသလို အပျိုမလေးများမှာလည်း အလှဆုံးပြင်ဆင်လိမ်းခြယ်၍ ပွဲဈေးရလျှာက်ကြသည်။

ရွှေဖူးစာ ဆုံရာဝယ်Donde viven las historias. Descúbrelo ahora